Zawgyi
What Should I Do if the School Bully is Interested in Me
Ch25 - မင်းက ဒါမျိုးတွေဖတ်ရတာ သဘောကျတာလား
"ဘာလို့ပြေးလာတာလဲ"
ကျိလျောင်က အပြစ်တင်ချင်တဲ့ လေသံသဲ့သဲ့လေးနဲ့ မေးလိုက်တယ်။
ဟယ်ချန်းမင်က စိတ်လှုပ်ရှားမှု အပြည့်နဲ့ မျက်ခုံးပင့်လိုက်တယ်။ သူက မျက်လုံးချင်းဆုံကြည့်ဖို့ ကိုယ်ကိုင်းလိုက်ရင်း ခပ်တည်တည်နဲ့ပြောလိုက်တယ်။
"အဖြေကို မင်းသိပြီးသားပဲဟာ"
ပြီးတာနဲ့ သူက ရယ်ချင်စိတ်ကို ဖုံးမထားနိုင်ပဲ ကျိလျောင်ကို ကြည့်နေလိုက်တယ်။
ကျိလျောင်ကတော့ အရေးမစိုက်တဲ့ပုံစံနဲ့ ဘာမှပြောမနေတော့ဘူး။သူ့ရေဘူးကိုပြန်ယူရင်း သူ့နေရာကို ပြန်လျောက်သွားတယ်။ ဟယ်ချန်းမင်က နောက်ကနေ နီးနီးကပ်ကပ်လိုက်လာရင်း သူ့ပခုံးပေါ်ကို လက်တစ်ဖက်လှမ်းတင်တယ်။ သူကသနားစဖွယ် သရုပ်ဆောင်ရင်း တောင်းပန်လေတယ်။
"အင်းပါ ကိုယ်မှားသွားပါတယ်။ စိတ်မဆိုးပါနဲ့ကွာ"
ကျိလျောင်ခမျာ ဆွံ့အသွားရတယ်။ ဟယ်ချန်းမင်က သူ့ရဲ့မျက်နှာသာပေးခံရဖို့ တော်တော်ကြီးကို ဖော်လန်ဖားနေတယ်လို့ ခံစားနေရတယ်။ ချော့တာတောင် သူ့ကို မိန်းကလေးကို ချော့သလို ချော့နေတယ်လေ။
"ငါ စိတ်မဆိုးဘူး"
ထောင့်စွန်းလေးကို ချိုးကွေ့ရင်း သူ့ရဲ့ ခုံနေရာကိုရောက်တော့ ထိုင်ချရင်း ဟယ်ချန်းမင်ကို သူနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်ဖို့ ညွှန်ပြလိုက်တယ်။ဒါပေမဲ့လည်း ဟယ်ချန်းမင်က မမြင်ချင်ယောင်ဆောင်ကာ နားရွက်တက်ချိတ်မတက်ပြုံးရင်း သူ့ဘေးမှာ ဝင်ထိုင်တယ်။
ကျိလျောင် : "....."
ပြီးတာပဲ။သူ့ကို လာမနှောင့်ယှက်သရွေ့ အဆင်ပြေတယ်။
မနေ့ည သူအိမ်ပြန်လာတုန်းက နည်းနည်းလောက်တွေးကြည့်ခဲ့တယ်။ ဟယ်ချန်းမင်က သူ့ကိုတကယ်ကြိုက်တာ ဟုတ်ဟုတ် မဟုတ်ဟုတ် ပထမဆုံးအနေနဲ့ သူ့အဆင့်တွေ တိုးတက်အောင် လုပ်ရမှာပဲ။အဲဒီနောက်မှ ဟယ်ချန်းမင်က သူ့ကို တကယ်ကြီး ကြိုက်တာဆိုရင်လည်း အဆင့်မကောင်းလို့ LDRS လိုအဖြစ်မျိုး ဖြစ်စရာမလိုတော့ပဲ နှစ်ယောက်သားကသဘောကျတဲ့ တက္ကသိုလ်ကို တူတူသွားရုံပေါ့။ ဟယ်ချန်းမင် ခံစားချက်တွေက အစစ်အမှန်မဟုတ်ဘူးဆိုရင်တောင် သူ့ဘက်က ဆုံးရှုံးစရာ မရှိဘူး။ဘာပဲဖြစ်ဖြစ် သူ့မှာ ဂိုက်တစ်ယောက် ရှိနေပြီလေ။
![](https://img.wattpad.com/cover/225322412-288-k650691.jpg)
BINABASA MO ANG
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Romanceမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။