Ch2 - မြင်လား။ သူကငါ့လူပဲ(Ch2 - မြင်လား။ သူကငါ့လူပဲ)

23K 2.6K 26
                                    

Zawgyi

What Should I Do if the School Bully is Interested in Me


Ch2 - မြင်လား။ သူကငါ့လူပဲ

နောက်တစ်နေ့ မနက်စောစောမှာ ကျိလျောင်က သူ့ရဲ့အိပ်ချင်မူးတူးမျက်လုံးတွေကို ပွတ်သပ်ရင်း ဧည့်ခန်းထဲ ရောက်လာတယ်။သူ ဟာလုံလောက်အောင် မအိပ်စက်ရတဲ့အလား သူ့မျက်လုံးအောက်မှာတော့ အနက်ရင့်ရင့် အရောင်တွေ ရှိလို့နေတယ်။

ရွီအိုက်ဝမ်က မီးဖိုခန်းကနေ ပူပူနွေးနွေး ယာဂု ကိုယူလာတယ်။ သူ့ရဲ့နုံးချည့်နေတဲ့ပုံစံကို မြင်ရတော့သူမ စိုးရိမ်ပူပန်ပြီး မေးတော့တယ်။

"ဘာဖြစ်လို့လဲ ထန်ထန်။ မနေ့ညက ကောင်းကောင်း မအိပ်ရဘူးလား"

ထန်ထန်ဆိုတာ ကျိလျောင်ရဲ့ နာမည်ပြောင်ပင်။ သူမမွေးခင်က အဖေ ကျိ က မိန်းကလေးဖြစ်မယ်ထင်ထားတာကြောင့် သူက ထန်ထန်ဆိုတဲ့ နာမည်ပြောင်ကို ရွေးထားခဲ့တာပင်။ သို့သော် မွေးပြီးသွားတော့ ထိုကလေးမှာ လက်ကိုင်*(ဂျိုးလေး🍄) ပါလာတာကို တွေ့လိုက်ရလေတယ်။ ဒါပေမဲ့ နှစ်ဝက်လောက် ထန်ထန် ဆိုတဲ့ နာမည်ကို သုံးပြီးသွားတော့ ပြောင်းခေါ်ဖို့ ခက်နေတာကြောင့် ခုထိကို သူတို့က ဆက်ခေါ်နေကြတာပဲ ဖြစ်လေတယ်။

"အင်း သား အိပ်မရဘူး"

ကျိလျောင်က သူ့အမေရဲ့ စိုရိမ်တကြီး မျက်လုံးတွေကို ခေါင်းငုံ့ထားရင်း ရှောင်ရှားလိုက်တယ်။ မနေ့ညက သူက ယောကျာ်းတစ်ယောက်ရဲ့ တိုက်ရိုက်မကျတဲ့ ဖွင့်ပြောတာကို ခံလိုက်ရတာလေ။ ပြီးတော့ အဲ့လူကလည်း အာဏာပါဝါ လွှမ်းမိုးမှုတွေ ရှိနေတဲ့ အလွှာကလေ။ကျိန်းသေပေါက် သူအိပ်မပျော်ခဲ့ဘူးပေါ့။

ကျိလျောင်က မနက်စာအတွက် ထိုင်ခုံကို ဆွဲယူရင်း လိမ်လိမ်မာမာလေး ထိုင်ကာ တစ်ခုချင်းကို ပါးစပ်အပြည့်သွင်းပြီး ဖြည်းဖြည်းချင်း မြိုချနေတယ်။ရွီအိုက်ဝမ် ကစားသောက်ပြီးလို့ ပန်းကန်တွေဆေးပြီး ထွက်လာတဲ့အထိ ကျိလျောင်က ထမင်းစားပွဲမှာ ထိုင်နေတုန်းပဲ။ သူမက သူ့ကို သတိပေးရတော့တယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now