Ch28.1- မင်းကိုယ့်ကိုရူးအောင်လုပ်နေတာပဲ

11K 1.8K 36
                                    

Zawgyi

What Should I Do if the School Bully is Interested in Me


အဲဒီည ကျိလျောင် အိမ်ပြန်လာတော့ ရွှီအိုက်ဝမ်က ပြန်မရောက်သေးဘူး။
 
ကျိလျောင်လည်း အစားအသောက်တွေပြန်နွှေးပြီး စားလိုက်တယ်။ သူစားလို့သောက်လို့ပြီးလို့ အချိန်ကိုကြည့်လိုက်တော့ ၈နာရီတောင် ထိုးချေပြီ။

သူ အိမ်စာတွေကို တစ်နာရီလောက်ထိုင်လုပ်ပြီးသွားတော့ ဆိုဖာမှာထိုင်ရင်း တီဗွီကြည့်နေလိုက်တယ်။ အမှိုက်ပုံးထဲကို တီရှုးစ လွှင့်ပစ်တဲ့ အခါမှ အမှိုက်ပုံးကပြည့်နေပြီးတော့ သွန်ရဦးမယ်ဆိုတာ သူသတိရသွားတယ်။သူလည်း အမှိုက်ပစ်ဖို့ အိတ်ကိုဆွဲပြီး အောက်ထပ်ကို ဆင်းလာခဲ့တယ်။

ထိုအချိန်မှာတော့ ကောင်းကင်ကြီးက လုံးဝကို မဲမှောင်နေပြီဖြစ်လေတယ်။ ကော်ရစ်ဒါတစ်လျောက်မှာ သူ့ခြေသံကလွဲလို့ တိတ်ဆိတ်နေတယ်။

အဆောက်အဦးရဲ့အပြင်ဘက်ရောက်တော့ ကျိလျောင်က အမှိုက်ပုံးကြီးထဲကို အမှိုက်တွေ ပစ်ထည့်လိုက်တယ်။ဟိုနားသည်နားကို လမ်းလျောက်ဖို့ပြင်နေတုန်း အဝေးမှလာသော ကားတစ်စီးရဲ့ မီးရောင်က သူတို့အဆောက်ဦးရှေ့မှာ ရပ်သွားလေတယ်။

ကြော့ကြော့မော့မော့ ဝတ်စားထားတဲ့လူတစ်ယောက်က ကားထဲကနေ ဆင်းလာတယ်။ သူက ကားရဲ့တစ်ခြားဖက်ကိုသွားပြီးတော့ ရှေ့ခုံမှာ ထိုင်နေတဲ့အမျိုးသမီးကို လူကြီးလူကောင်းဆန်ဆန်နဲ့ တံခါးဖွင့်ပေးလိုက်တယ်။ကျိလျောင်က တန်ဖိုးကြီးကားထဲကထွက်လာတဲ့အမျိုးသမီးကို မြင်လိုက်ရချိန်မှာ သူ့အမေ ရွှီအိုက်ဝမ်မှန်း သိသွားတယ်။

ထိုသူက မောင်းထွက်မသွားသေးပဲ နှစ်ယောက်သားက ခဏလောက်ကြာအောင် မတ်တပ်ရပ် စကားပြောနေကြတယ်။

ကျိလျောင်က ရုတ်တရပ်ဆိုသလိုပဲ သိပ်မကြာသေးခင်က ရွှီအိုက်ဝမ်က သူ့ကို ပထွေးတစ်ယောက် ရှာပေးရင် အဆင်ပြေမလား မေးတာကို သတိရမိသွားတယ်။

ဒီလူက သူ့အမေပြောတဲ့ ပထွေးအလောင်းအလျာဆိုတာလား။

ကျိလျောင်က ခေါင်းငိုက်စိုက်ကျပြီး ထွက်လာခဲ့တယ်။ ဒီလူက သူ့အဖေ ကျိချင်းဝမ်ရဲ့ ဆံခြည်တစ်မျှင်တောင် ယှဉ်လို့မရဘူးလို့ ခံစားရတယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Dove le storie prendono vita. Scoprilo ora