Unicode
What Should I Do if the School Bully is Interested in Me
Ch103 - Side Story 13 – Became the Financial Backer (Gu Ming Ren x Lin Jiang)
အကာအကွယ်ဟဲလ်မက်အနီရောင်ကို ဆောင်းပြီးသွားတော့ လင်းကျန်က လက်နှစ်ဖက်ကိုမြှောက်ကာ အသင့်အနေအထားပြင်လိုက်တယ်။ သူကကျောကိုအနည်းငယ်ကိုင်းထားကာ ခြေနှစ်လှမ်းလောက်လက်ဦးမှုယူတဲ့အနေနဲ့ ကုမင်းရန်ထံ စမ်းပြီး ထိုးပစ်လိုက်တယ်။
ကုမင်းရန်က အလွယ်တကူရှောင်တိမ်းလိုက်ရင်း နောက်တစ်က္ကန့်လောက်မှာပဲ ကြီးမားတဲ့လက်သီးတစ်ချက်က လင်းကျန်ရဲ့ဦးခေါင်းဆီ တိကျစွာတန်းတန်းမတ်မတ် ပြေးဝင်သွားတယ်။ လင်းကျန်က လက်တွေကိုမြှောက်ပြီးအမြန်အဆန် ခုခံလိုက်ပေမယ့် ရှောင်ဖို့အချိန်မရတော့ပဲ ခြေနှစ်လှမ်းလောက် နောက်ဆုတ်သွားတော့တယ်။
သူ့ကိုယ်သူ တည်ငြိမ်သွားမှ သူ ကုမင်းရန်ကို ချက်ချင်း မေးခွန်းထုတ်လိုက်တယ်။
"မင်းလက်သီးချက်ကို ပြန်ရုတ်လိုက်တာလား။ မင်း ယောကျာ်းဆို ပြန်မရုတ်စမ်းနဲ့! ငါ့ကိုများ အထက်သေးနေတာလား"
စောနက လက်သီးချက်အရ တစ်ဖက်လူသာ လက်သီးကိုပြန်မရုတ်လိုက်ဘူးဆိုရင် သူ့အနေနဲ့ ခြေနှစ်လှမ်းလောက်လေး အသာအယာယိုင်သွားမယ့်အစား စည်းဝိုင်းရဲ့ကြိုးတွေဆီရောက်တဲ့အထိ အပြင်းအထန်ဆုတ်သွားရလိမ့်မှာ။
ကုမင်းရန် နှုတ်ခမ်းစေ့ထားရင်း သူ့ဟာသူတွေးနေမိတယ်။ သူက ယောကျာ်း ဟုတ်တယ် ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူက ဒီဟာလေးရဲ့ယောကျာ်းလည်းဖြစ်နေတယ်လေ။ သူ့လက်သီးချက်ကို မရုတ်လို့ ဘယ်ဖြစ်ပါ့မလဲ။
လင်းကျန်က သူ့ကို ခက်ထန်ထန် စိုက်ကြည့်တယ်။ သူ့ရဲ့နောက်ထပ် တိုက်ခိုက်မှုတွေကတော့ သက်ညှာမှုတွေရှိမနေလေဘူး။ ပထမဆုံး သူဟာ ထင်မှတ်မထားစွာလက်သီးချက်ကိုလွှဲယမ်းကာ အဲ့ဒီလက်သီးချက်ထဲမှာ ရှိသမျှအားအကုန်ထည့်ထားလိုက်တယ်။
ဘောက်ဆင်ဟာ ရဲရင့်မှုအတွက်အားကစားတစ်မျိုးပဲ။ သူ့သွေးတွေဆူပွက်နေသလိုခံစားချက်က ကုမင်းရန်အတွက် ပြန်လည်မွေးဖွားလာရသလိုမျိုးပဲ။ လင်းကျန်ရဲ့ခွန်အားတွေ ထွက်ပေါ်လာအပြီးမှာ သူကလည်း အပြင်းအထန် ပြန်လည်တိုက်စစ်ဆင်တော့တယ်။နှစ်ယောက်စလုံးက ကြမ်းပေါ်လဲကျချိန်မှာ အလျှော့ပေးသက်ညှာမနေပဲ ထိုးသတ်ကြတော့တယ်။
STAI LEGGENDO
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Storie d'amoreမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။