Side Story 8(Gu❤️Lin)

6K 1.1K 135
                                    

Unicode

What Should I Do if the School Bully is Interested in Me

Ch98 - Side Story 8 – He Had Been Swapped With a Dog (Gu Ming Ren x Lin Jiang)

လီယန်က သူမသားတစ်ယောက် မတင်မကျအမူအရာနဲ့ ဖုန်းကိုမျက်မှောင်ကြုံ့ကြည့်နေတာမြင်တော့ သူမ စပ်စုချင်လာတယ်။

သူမ ဘေဘီလေးက ဘာပဲလုပ်လုပ် အမြဲတမ်း စိတ်ဓာတ်ခိုင်မာခဲ့တဲ့လူ။သူ့လိုလူက ရှုပ်ထွေးနေတယ်ဆိုတော့...လီယန်က သိမ်မွေ့တဲ့ချိုမြိုင်မှုအရိပ်အယောင်လေးကို အာရုံခံမိသွားတယ်။

"သားကို မကြိုက်တဲ့ကောင်မလေးက သားကိုရှာနေတာလား။ အဲ့လိုဆိုရင် သွားလိုက်လေ"

သူမသားလေးက အရွယ်ရောက်ပြီမို့ ချိန်းတွေ့သင့်နေပြီ။

ကုမင်းရန်က မတ်တပ်ထရပ်လိုက်တယ်။ သူ့နှလုံးသားက ပြင်းပြင်းထန်ထန်ခုန်ပေါက်နေတယ်။ ဒါက လင်းကျန်ဘက်ကနေ သူ့ကိုစပို့ဖူးတဲ့ မက်ဆေ့ခ်ျတစ်စောင်ပဲ။ အရင်ကဆို ဘာတွေပဲဖြစ်နေဖြစ်နေ သူ(လင်းကျန်)ဟာ သူ့ကို အကူညီတောင်းခဲ့ဖူးတာမဟုတ်ဘူး။

"ကျွန်တော် ပြန်လိုက်ဦးမယ်။ ဒါပေမဲ့ မနက်ဖြန် မားနဲ့ပါးကိုတွေ့ဖို့ ပြန်လာခဲ့ပါမယ်"

လီယန်က ပန်းသီးစားတာရပ်သွားရင်း အဓိကအချက်ကို ဖမ်းဆုပ်လိုက်တယ်။

"မနက်ဖြန်မှ?"

သူမက ကုမင်းရန်ကိုအဓိပ္ပါယ်ပါပါကြည့်ရင်း အကြံပေးလိုက်တယ်။

"ချင့်ချင့်ချိန်ချိန် လုပ်နော်။ မားကို မြေးမချီခိုင်းနဲ့ဦး"

သူမက အရင်တစ်ခါ ဟယ်မိသားစုကို အလည်သွားတုန်းက သူတို့အိမ်ရဲ့ အဖိုးတန်မြေးလေးကို သူမအရမ်းသဘောကျခဲ့ပေမယ့်လည်း သူမဘေဘီလေးကတော့ ငယ်သေးတယ်လေ။ဘွဲ့မရခင် အဖေတစ်ယောက်ဖြစ်လာတာက သူမသားလေးအတွက် အဆင်ပြေမှာမဟုတ်ဘူး။

ကုမင်းရန်က တိတ်ဆိတ်သွားရင်းမှ လှည့်ထွက်သွားတော့တယ်။

သူ အိမ်ရာဝန်းထဲကို ခပ်မြန်မြန်မောင်းချလာခဲ့တယ်။တိုက်ခန်းတံခါးက ပိတ်မထားတာမို့ အထဲကနေ မီးကျွမ်းတဲ့အနံ့က ပျံ့လွင့်လာတယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now