Zawgyi
What Should I Do if the School Bully is Interested in Me
Ch55 - Caller ID: The Best One
နွေဦးက တစ်ဖြည်းဖြည်းနဲ့ပူနွေးလာပြီးတော့ နေမင်းကြီးကလည်း တောက်ပစွာနဲ့ ထွန်းလင်းနေတယ်။
ကျောက်မိန်လန်က ဗြူးတီးစလွန်းထဲကနေ စိတ်ကျေနပ်စွာဖြင့် ထွက်လာကာ သူမရဲ့ဖြူဖွေးနေသော မျက်နှာကို တို့ထိကြည့်လိုက်ရင်း သူမရဲ့ကံအကြောင်းတရားတို့ကို မနေနိုင်စွာပဲ ပြန်အောင့်မေ့မိသွားတယ်။ သူမက စုကျိုးမှာ ရှော့ပင်းဂိုက်တစ်ယောက်လုပ်ခဲ့စဉ်ကအကြောင်းကို တွေးမိသွားတယ်။ သူမ တစ်နှစ်လောက် ကြိုးကြိုးစားစားလုပ်ခဲ့တာတောင် spaသွားဖို့ တတ်နိုင်တဲ့ထိငွေပမာဏ မရှိခဲ့ဘူး။ ခုတော့ ထင်မှတ်မထားတွေဖြစ်လာတာမို့ ရယ်ဖွယ်ရာတွေလို ခံစားနေရတယ်။
သူမက မောလ်ကိုသွားကာ ထိန်းချုပ်ထားခြင်းမရှိပဲ ဝယ်ချင်ရာ ဝယ်ပစ်လိုက်ပြီးတော့ ခမ်းနားကြီးကျယ်တဲ့ ဝတ်စုံနှစ်စုံကိုတောင် အော်ဒါတင်ခဲ့လိုက်သေးတယ်။ ဟယ်မိသားစုက ကျင်းပမယ့် ပရဟိတအခမ်းအနား နှစ်ပတ်လည်ရဲ့ညစာစားပွဲက နီးကပ်လာပြီးမလား။ ဥက္ကဋ္ဌရဲ့ ဇနီးတစ်ယောက်အနေနဲ့ သူမကတက်ရောက်ရမှာ သဘာဝပဲလေ။ ပြီးတော့ သူမက လှပနေဖို့လည်း လိုအပ်တယ်။
ကျောက်မိန်လန်က ကျန်းနန်အလှပဂေးတို့ရဲ့ထုံးစံအတိုင်း နူးညံ့သိမ်မွေ့မှုတို့နဲ့မွေးဖွားလာတာဖြစ်တယ်။ဒီတော့ သူမက တော်တော်လေးကို သိသာထင်ရှားလှတယ်။ သူမက နာမည်ကြီးအဆင့်မြင့်ဇိမ်ခံပစ္စည်းဆိုင်ကို ခြေချလိုက်တာနဲ့ အရောင်းဝန်ထမ်းက သူမကို ဝန်ဆောင်မှုပေးဖို့ ချက်ချင်းရောက်ချလာတယ်။
ငယ်ရွယ်တဲ့ဟယ်ကတော်ရဲ့ ပိုက်ဆံဖြုန်းခြင်းအကျင့်ကတော့ သူမရဲ့မျက်နှာလေးနဲ့မလိုက်ဖက်စွာပဲ အလွန်ကွဲပြားနေတယ်။ သူမကလက်အရမ်းဖွာပြီးတော့ အထက်တန်းစား ဘရန်း အသိုင်းအဝိုင်းမှာလဲ လူသိများတယ်။
စတိုးမန်နေဂျာက သူမကိုမြင်တော့ ကိုယ်တိုင်ကိုယ်ကျဧည့်ခံဖို့ထွက်လာပြီးတော့ နောက်ဆုံးပေါ် နွေဦးနဲ့နွေရာသီ အဝတ်အစားတွေကို ဂရုတစိုက် ထုတ်ပြလိုက်တယ်။ ကျောက်မိန်လိန်က ဖူးဖူးမှုတ်ဂရုစိုက်ခံရတဲ့ ခံစားချက်ကိုသဘောကျတယ်။ သူမရဲ့စိတ်က ကြည်နူးနေတာကြောင့်သူမက ဝတ်စုံတော်တော်များများကို ကြည့်ဖို့ရွေးချယ်လိုက်ပြီးတော့ သူမရဲ့အရွယ်အစားအတိုင်း ပြုလုပ်ပေးဖို့ အရောင်းဝန်ထမ်းတွေကို ပြောလိုက်တယ်။
YOU ARE READING
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Romanceမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။