Side Story 24 (Gu❤️Lin)

5.9K 1K 90
                                    

Unicode

What Should I Do if the School Bully is Interested in Me

Ch114 - Side Story 24 – If I Don’t Drain You, Consider Me to Have Lost (Gu Ming Ren x Lin Jiang)

လင်းကျန် ပြုံးလိုက်တော့ သူ့ရဲ့သွားစွယ်လေးတွေက တောက်ပသွားတယ်။ သူ့အရှေ့ကလူကိုကြည့်ရင်း သူ့တစ်ဘဝတာလုံး ထွေးဖက်ထားဖို့ ဆုံးဖြတ်လိုက်တော့တယ်။

လင်းကျန် ရှေ့ကိုခြေနှစ်လှမ်းလောက်တိုးလိုက်တယ်။သူ လက်ဆန့်ထုတ်ကာ ကုမင်းရန်ရဲ့ကော်လာကို ဆုပ်ကိုင်ပြီး ငိုက်ကျလာအောင် ခပ်ပြင်းပြင်းဆောင့်ဆွဲလိုက်တယ်။ထို့နောက်မှ သူ့ခေါင်းကိုမော့ကာ အလွန်စိတ်အားထက်သန်တဲ့အနမ်းတစ်ပွင့်ကိုပေးလိုက်တယ်။

တစ်ဖက်လူရဲ့ လက်ဖျားခါရလောက်တဲ့အနမ်းစကေးလ်တွေကို သူမခံစားရတာ အတော်ကြာလှပြီလေ။ချစ်စိတ်ပြင်းပြပြီး စစ်မှန်လှတဲ့အနမ်းတွေကို သူအရမ်းလွမ်းနေမိတာ။

ကုမင်းရန်က သူ့ခါးပေါ်မှာ ကြီးမားတဲ့လက်တစ်ဖက်ကိုတင်ထားကာ သူ့ကို အနည်းငယ် ပင့်မြှောက်လိုက်တယ်။ အရင်လို သူ့မျက်လုံးတွေကို မှိတ်ထားရမယ့်အစား လင်းကျန်ရဲ့ သတိမထားပဲ ကောက်ခါငင်ကာထလုပ်တဲ့အမူအရာတွေကို ကြည့်ကာ သူ့မှတ်ဥာဏ်ထဲမှာစွဲထင်အောင်လုပ်နေမိတယ်။

သူတို့နှစ်ယောက်သားက ဆေးရုံရဲ့လူသွားလမ်းမှာ ထက်သန်ပြင်းပြစွာ နမ်းရှိုက်နေခဲ့ကြတယ်။ ရှက်တတ်တဲ့သူနာပြုလေးတွေကတော့ ချဲကားထားတဲ့လက်ချောင်းတွေနဲ့ သူတို့မျက်လုံးတွေကို အုပ်ထားရင်း မနေနိုင်စွာပဲ ချောင်းကြည့်နေကြတော့တယ်။
 
အဲ့ဒီအခြင်းအရာက လီယန်တစ်ယောက် ငွေပေးချေမှုပြုလုပ်ဖို့ ဆရာဝန်နောက်က လိုက်လာတဲ့အထိပဲ။ သူမက နေ့ခင်းကြောင်တောင်ကြီးမှာ ဒီလိုအရှက်မဲ့တဲ့အရာမျိုးကိုလုပ်နေကြတဲ့ကလေးနှစ်ယောက်ကိုမြင်တော့ ချက်ချင်းပဲ အနားကိုသွားကာ လူချင်းဆွဲခွာပစ်လိုက်တယ်။

ကုမင်းရန်နဲ့ လင်းကျန်တို့က မျက်မှောင်တွေကြုံ့သွားကြပေမယ့် လီယန်ကိုမြင်ပြီးချိန်မှာတော့ နှစ်ယောက်သားက ဣနြေ္ဒရရ ဖြစ်သွားကြရတယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now