Ch61 - Please Shut Up! Stop Flirting!

7.6K 1.2K 56
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch61 - Please Shut Up! Stop Flirting!

Fuck!

စိတ်ဆိုးမာန်ဆိုး အမူအရာနဲ့ သူက အထဲကိုပြန်ဝင်လာခဲ့လိုက်တော့ ကျိလျောင်ရဲ့ စိုးရိမ်ပူပန်နေတဲ့ အမူအရာလေးကိုမြင်လိုက်ရတယ်။ သူက အနည်းငယ်တော့ မသက်မသာ ခံစားမိသွားပါရဲ့။အနားကိုလျောက်သွားရင်းနဲ့ သူက ကျိလျောင်ရဲ့ လက်ဖဝါးတို့ကို ဖျစ်ညှစ်လိုက်ရင်း အသံတိုးတိုးနဲ့ စကားဆိုလိုက်တယ်။

"စိတ်မပူနဲ့...ကိုယ်နဲ့သာလွှဲထားလိုက်"

သူကဘယ်တုန်းမှ တွန့်ဆုတ်တတ်တဲ့ယောကျာ်းတစ်ယောက် မဟုတ်ခဲ့သလို ဟယ်ယွဲ့ကျင်းရှေ့မှာ Come out လုပ်ဖြစ်ဖို့ကိုလည်း ကြောက်ရွံ့ခဲ့တာမျိုး မရှိခဲ့ဘူး။

ရုပ်သေးရုပ်တစ်ရုပ်အဖြစ်နဲ့ သုံးနှစ်နေလာခဲ့ရပြီးတဲ့နောက်မှာတော့ ဒီနေ့မှာ ဒီကောင်လေးကို ကာကွယ်မပေးနိုင်ဘူးဆိုရင် သူတို့ဆက်တွဲနေမှာထက် စောစောစီးစီး လမ်းခွဲလိုက်တာမှ ပိုကောင်းပေဦးမယ်။

"အင်းပါ"

ကျိလျောင်က တုံ့ပြန်စကားပြောတဲ့အချိန်မှာ သူ့နှလုံးသားလေးကတော့ မသေချာမရေရာဖြစ်လို့နေရဲ့။

ဟယ်ယွဲ့ကျင်းရဲ့ ဂုဏ်သတင်းက အလွန်ကိုလူသိများကျော်ကြားလှတယ်။ တစ်ခါတစ်လေဆို ငွေကြေးဆိုင်ရာ ချန်နယ်လ်တွေမှာတောင် ပေါ်လာတတ်သေးတယ်။ အဲ့ဒီလူက ဟယ်ချန်းမင်ရဲ့ ဖခင်ဆိုတာကတော့ ဒီနေ့မှ သူသိလိုက်ရတာပါပဲ။

ဒီပုံစံအတိုင်းဆိုရင် သူတို့နှစ်ယောက်ကြားက လူမှုအဆင့်အတန်းကြီးက အရမ်းကိုကွာခြားလွန်းနေတာပဲ။ သူက စိတ်ဒုက္ခတွေ ရောက်လာတယ်ဆိုပေမယ့်လည်း လမ်းခွဲဖို့ရာကိုတော့ တွန့်ဆုတ်နေတုန်းပါပဲ။

ဟယ်ချန်းမင်က သူ့မျက်ဝန်းထဲက ချီတုံချတုံအမူအရာတွေကို မြင်လိုက်တယ်။သူက ကျိလျောင်ရဲ့ ခေါင်းအနောက်ကိုသူ့ရဲ့ ကြီးမားတဲ့ လက်နှစ်ဖက်နဲ့ သိမ်းကြုံးကိုင်ရင်း အရိုင်းဆန်စွာနဲ့ သူ့ရှေ့ကို တိုးကပ်ဆွဲယူရင်း နဖူးပြင်ကို နမ်းရှိုက်လိုက်တယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Où les histoires vivent. Découvrez maintenant