Ch87 - Shared a Sweet with Him

9.6K 1.3K 129
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch87 - Shared a Sweet with Him

"ငါ့အမေ မနေ့ညက ငါ့ကိုဖုန်းခေါ်မထားဘူး"

သူ့အမူအရာက အနည်းငယ် စိတ်ရှုပ်ထွေးနေပြီးတော့ မျက်ဝန်းထဲမှာတော့ အံ့သြမှုတို့ လှစ်ဟပြနေတယ်။ သူ့မျက်လုံးနားတစ်ဝိုက်က အနည်းငယ်မို့ဖောင်းနေတာလေးက သနားစဖွယ်လည်းကောင်းသလို ချစ်စရာလည်းကောင်းလှတယ်။

ဟယ်ချန်းမင်မျက်နှာက အနည်းငယ်မဲမှောင်သွားရင်း သူကအနားကိုလာကာ ခပ်ပျော့ပျော့ခေါင်းအုံးတစ်လုံးကို သူ့(ကျိလျောင်)ခါးနောက်မှာထားပေးကာ စကားဆိုတယ်။

"ခဏနေရင် ကိုယ်မင်းနဲ့ အတူ ပြန်လိုက်ခဲ့ပေးမယ်"

သူ့အနေနဲ့ ရွှီအိုက်ဝမ်ရဲ့ စိတ်နေသဘောထားကို မသိပေမယ့်လည်း ခုချိန်မှာ လုပ်တာကလုပ်ပြီးနေပြီ။ရွှီအိုက်ဝမ်က သူ့ကို ရိုက်ရိုက်ဆူဆူ သူလက်ခံရမှာပဲ။

"ကိုယ် အပြင်ခဏသွားလိုက်ဦးမယ်...မနက်စာက မကြာခင်လာပို့လိမ့်မယ်။ နည်းနည်းစားရင်လည်းစားထား..ဒါမှမဟုတ် ကိုယ်ပြန်လာမှ ခွံ့ကျွေးတာကိုပဲ စောင့်ရင်စောင့်..ဟုတ်ပြီလား"

ဟယ်ချန်းမင်က ပြောပြီးသွားတော့ ကျိလျောင်နဖူးကိုနမ်းရှိုက်လိုက်တယ်။

ကျိလျောင်ကတော့ သူသွားမယ့်နေရာကို မမေးပဲ လိမ်လိမ်မာမာနဲ့သာခေါင်းငြိမ့်ပြလိုက်တယ်။ ပြီးမှ သူရေအရမ်းဆာနေတာကြောင့် ဟယ်ချန်းမင် မသွားခင် ရေတစ်ခွက်လောက်ငဲ့ပေးဖို့ လက်ဟန်ပြလိုက်တယ်။

ဟယ်ချန်းမင်က သူ့အတွက်ရေနည်းနည်းငငဲ့ပေးပြီးတာနဲ့ အမြန်ထွက်သွားတော့တယ်။

ကျိလျောင်က သူထွက်သွားတာကိုစောင့်ပြီးမှ မျက်နှာရှုံ့ရှုံ့မဲ့မဲ့နဲ့ သူ့ရဲ့နာကျင်နေတဲ့ ခါးကိုနှိပ်နယ်လိုက်ရတယ်။

သူ့အနေနဲ့ ဒါမျိုးလုပ်တာ ပထမဆုံးပဲ။သူ ရှက်နေပေမယ့်လည်း တကယ်တမ်းကျ ပြန်မြင်ယောင်စမြုံ့ပြန်တဲ့အချိန်ကပိုများနေလေတယ်။အရင်တုန်းက ရွှီရှောင်ကျင့်ပေးတဲ့ 'နေ့ရောညပါ အနိုင်ကျင့်တဲ့ဥက္ကဋ္ဌ'ဆိုတဲ့ စာအုပ်ကိုဖတ်ခဲ့တုန်းက အထဲမှာပါတဲ့ အိပ်ရာပေါ်ကအခန်းတွေမှာ အောက်ကနေတဲ့လူက စုတ်ပြဲမတက်ဖြစ်ပြီး သွေးတွေတောင်ထွက်တယ် ဆိုတာကြောင့် သူ့မှာသေမတက်ကြောက်လန့်ခဲ့ရတာ။တကယ်တမ်း မနေ့ညက ဟယ်ချန်းမင်နဲ့လုပ်တဲ့အချိန်မှာကျ တစ်ဖက်လူက သူ့ကို ခံစားလို့ကောင်းလား..သက်တောင့်သက်သာဖြစ်ရဲ့လား ဆိုတာတွေကို ထပ်ခါတလဲလဲ မေးမြန်းခဲ့တာ။ သူ့စကားလုံးတွေက အရမ်းကိုနူးညံ့ငြင်သာတာမို့ သူ့ခန္ဓာကိုယ်ကပြေလျော့လာခဲ့တယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now