Zawgyi
What Should I Do if the School Bully is Interested in Me
Ch35.2 - Want to Come See Me
ဒါက အဆင့်မြင့်အိမ်ရာဝန်း ဖြစ်တဲ့အတွက် သူက ဂိတ်ပေါက်ဝမှာ သူ့ရဲ့ ID ကဒ်ကို စာရင်းသွင်းခဲ့ရသေးတယ်။
ကျိလျောင်က တိတ်တိတ်ဆိတ်ဆိတ်နဲ့ စာရင်းသွင်းပြီးသွားတော့ ပေးထားတဲ့လိပ်စာအတိုင်း လိုက်ရှာလိုက်တယ်။ တွေ့သွားတော့ သူက တံခါးဘဲလ်ကို နှိပ်လိုက်တယ်။ တဒင်္ဂလောက် ကြာမြင့်ချိန်မှာ တစ်စုံတစ်ယောက်က တံခါး လာဖွင့်ပေးတယ်။
လေနွေးနွေးတွေက ဖြတ်ပြေးသွားသလိုပါပဲ။ ဟယ်ချန်းမင်ရဲ့ ညအိပ်ဝတ်စုံတစ်ထည်တည်း ဝတ်ထားတဲ့ပုံက သူ့ကို ပိန်သွယ် ရှည်လျားသွားစေတယ်။ ပြီးတော့ သူ့ရဲ့ညှပ်ရိုးလေးတွေကိုလည်း ရှင်းရှင်းလင်းလင်းကြီးကို မြင်နေရစေတယ်။
"ဘာတွေ စိုက်ကြည့်နေတာလဲ လာလေ"
သူက ကျိလျောင်ကို အထဲကို ဝင်ခိုင်းလိုက်တယ်။
ကျိလျောင်က "အိုး" ဆိုတဲ့ အသံလေးထွက်ရင်း ခေါင်းကို ငုံ့လို့ သူ့ရဲ့ဖိနပ်နဲ့ အိမ်စီးဖိနပ်ကို လဲစီးလိုက်တယ်။
ကျိလျောင်ကို ဧည့်ခန်းဆီကို ဦးဆောင်ခေါ်သွားရင်းနဲ့ ဟယ်ချန်းမင်က သူ့အတွက် ရေနွေးနွေးတစ်ခွက်ကို ငဲ့ပေးလိုက်တယ်။ ကျိလျောင်လက်တွေက အရမ်းကို အေးစက်နေတာမလို့ နွေးထွေးသွားဖို့ လိုအပ်နေတယ်လေ။
ကျိလျောင်က ခွက်ကို လက်ထဲမှာကိုင်ထားရင်းနဲ့ နည်းနည်းလောက် အနေရခက်နေတယ်။ သူက အခန်းတွင်းကို ဝေ့ဝိုက်ကြည့်မိတော့ ဟယ်ချန်းမင် တစ်ယောက်တည်း ဒီမှာနေပုံပေါ်တာကို သိရှိလိုက်တယ်။ ထမင်းစားပွဲဝိုင်းမှာ ထိုင်ခုံသုံးလုံး ရှိနေပေမဲ့ တစ်လုံးကိုသာလျှင် အစွပ် စွပ်ထားတယ်။ အစောပိုင်းတုန်းကလည်း ဖိနပ်စင်ပေါ်မှာ စလစ်ပါ ဖိနပ်အပါးတစ်စုံကိုပဲ မြင်ခဲ့ရတယ်။
"မင်းက မိဘတွေနဲ့ တူတူမနေဘူးလား"
သူက ဟယ်ချန်းမင်ဘက်ကို မျက်နှာပြန်လှည့်ရင်း မေးလိုက်တယ်။
YOU ARE READING
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Romanceမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။