Ch29.1- Snow White and Pale Red

10.9K 1.7K 15
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch29.1- Snow White and Pale Red

စနေ နေ့မှာဆိုရင်ဖြင့် မြို့လယ်ခေါင် ဧရိယာဟာ အလွန် လူရှုပ်လေရဲ့။

ကျိလျောင်က ကားပေါ်ကဆင်းလိုက်တာနဲ့ လူအုပ်ကြားထဲမှာ သူ့ကိုစောင့်နေတဲ့လူကို ချက်ချင်း ရှာတွေ့သွားတယ်။မနေ့ညက သူလိုချင်တဲ့အနမ်းရယ် တစ်ဖက်ကောင်လေးရဲ့ တုံ့ပြန်မှုတွေရယ်ကို တွေးမိသွားတော့ နည်းနည်းတောင် မျက်နှာပူသွားတယ်။

မနေ့ညက အိမ်ပြန်ရောက်တော့သူ တော်တော်ရဲတင်းတဲ့အရာတွေ လုပ်ခဲ့ပါလားလို့ သုံးသပ်မိသွားတယ်။ဟယ်ချန်းမင်ကို မြူဆွယ်ဖို့တောင် သတ္တိတွေတောင် ရှိနေသတဲ့လေ!။

ဘာပဲဖြစ်ဖြစ် သူ့ကိုမြူဆွယ်ဖြားယောင်းမှုအပြီးမှာ နဂိုက နေရာလွတ်ဖြစ်နေတဲ့ သူ့နှလုံးသားလေးကတော့ ပြည့်လျှံသွားတာပဲ။ ပြီးတော့ အဲလိုလုပ်ခဲ့လို့လည်း သူနောင်တမရဘူး။

သူက အဲ့ဒီနေရာကို ခြေလှမ်းစိပ်စိပ်နဲ့လျောက်သွားလိုက်တော့ လင်းကျန်ပါ ရှိနေတာကို တွေ့လိုက်ရတယ်။ လင်းကျန်ဘေးမှာလည်း ကုမင်းရန်က ရပ်လို့။

မျက်စိလျှင်တဲ့ လင်းကျန်က သူ့ကိုမြင်တာနဲ့ တက်တက်ကြွကြွနဲ့ လှမ်းအော်ခေါ်တော့တာပဲ။

"ကျိလျောင်"

နောက်ဆုံးတော့ သူစကားပြောလို့ရမယ့်လူတစ်ယောက် ရောက်လာခဲ့ပြီလေ။

လင်းကျန်က စိတ်မသက်မသာဖြစ်နေတာ။ ကုမင်းရန်က သူ့ကိုရုပ်ရှင်ကြည့်ဖို့ခေါ်ထားတယ်လေ။ သူပြောတာက လက်မှတ်ခက နှစ်ယောက်ကြည့်ရင် တစ်ဝက်သက်သာလို့တဲ့။အိုး...လုပ်စမ်းပါ..ဂုဏ်သရေရှိကြီးမြတ်တဲ့ ကုမိသားစုက သခင်လေးက ဒီလောက် ဒေါ်လာနည်းနည်းလေးကို ဂရုစိုက်နေတာလား။

သူ အညာခံရမှန်းလည်းသိရော ချက်ချင်းကို အိမ်ပြန်ချင်စိတ် ပေါက်လာတာ။ ဒါပေမဲ့ ကုမင်းရန်က သူ့ရဲ့ကျောင်းယူနီဖောင်း အပေါ် ရမယ်ရှာပြီး ခြိမ်းခြောက်တယ်။ သူသာ အိမ်ပြန်ခဲ့မယ်ဆိုရင် နေ့တိုင်း သုံးသပ်စာ ရေးရမယ်တဲ့။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now