Ch90 - Extra 3 - The Sweetest Graduation Photo

9.9K 1.1K 64
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch90 - Extra 3 – The Sweetest Graduation Photo

ကောလိပ်ဝင်ခွင့် စာမေးပွဲတွေ မဖြေရခင်မှာ ဘွဲ့ဓာတ်ပုံတွေရိုက်ကြဖို့ ကျောင်းက စီစဉ်ပေးလေတယ်။

ကျောင်းဝန်းတစ်ခုလုံးက အတန်းတွေက တစ်ကြိမ်ကို တစ်တန်းနှုန်းနဲ့ အစဉ်လိုက်ထွက်လာရတယ်။လက်တွေ့ကျကျပြောရရင်ဖြင့် ဟယ်ချန်းမင်နဲ့ကျိလျောင်ဟာ ဒီပုံစံအတိုင်းဆိုရင် တွေ့ဆုံကြဖို့ဆိုတာ မလွယ်တော့ပေဘူး။သို့သော်လည်း တစ်စုံတစ်ယောက်သော လူချမ်းသာက သူ့ရဲ့ကိုယ်ပိုင်နာမည်နဲ့ ကျောင်းမှာ အားကစားပစ္စည်းအတွဲလိုက်ကို လှူဒါန်းပြီးတော့ ကျောင်းအုပ်ကြီးကို အခန်းနှစ်နဲ့ အခန်းဆယ့်နှစ်က အတူတူဓာတ်ပုံရိုက်ကြရမယ်လို့ တွန်းအားပေးပြောဆိုစေခဲ့တယ်လေ။

အခန်းဆယ့်နှစ်က စာသင်နေတုန်းဖြစ်ပြီး ဒီသတင်းကိုကြားရချိန်မှာတော့ အားပေးကြွေးကြော်ကုန်ကြတယ်။သတိဝီရိယရှိရှိနဲ့စဉ်းစားကြည့်ရင်တောင် ဘာတွေဖြစ်နေလဲဆိုတာလူတိုင်းကသိကြတာမို့ ကျိလျောင်ထံ မျက်စတွေပစ်ပြကုန်ကြတော့တယ်။ချန်းလီဝမ်က ထိန်းမနိုင်သိမ်းမနိုင်အမူအရာနဲ့ လေချွန်လိုက်ရင်း မတ်တပ်ထရပ်လုမတက် အော်ဟစ်လိုက်တယ်။

"ဟယ်ချန်းမင်ကတော့ အံ့ရောဟေ့!"

အရင်တုန်းက သူတို့နှစ်ယောက်တွဲကြတာကို အတန်းထဲကလူတွေက မယုံကြည်ကြဘူး။ ကျိလျောင်ကအရမ်းကိုတုံးလွန်း အ လွန်းတယ်လို့သာ တွေးမိခဲ့ကြတာဖြစ်တယ်။ ဟယ်ချန်းမင်ကအကွေးဆိုရင်တောင် အသစ်အဆန်းအနေနဲ့ခဏတာပဲ ခံမှာလေ။ ကစားလို့ဝရင် လွှင့်ပစ်ခံရမှာပဲမလား။ဒါပေမဲ့လည်း နှစ်ယောက်သားက တစ်နှစ်ကျော်တဲ့အထိ တွဲနေကြလိမ့်မယ်လို့ ဘယ်သူကမှ မမျှော်လင့်ထားကြဘူး။

ကျိလျောင်က မျက်နှာတွေနီရဲလာတဲ့အထိ အစခံလိုက်ရပြီးတော့ သူ့နှလုံးသားက ခုန်ပေါက်လာတယ်။ သူက ဟယ်ချန်းမင်ထံ မက်ဆေ့ခ်ျတစ်စောင် တိတ်တိတ်လေးပို့လိုက်တယ်။

{မင်းဘာတွေလုပ်နေတာလဲ ဘဲကြီး!}

///Note : ဘဲကြီးဆိုတာက အလွယ်သုံးလိုက်တာပါ။ E tranအဆိုအရ တကယ်တမ်းကျ စာကြောင်းအဆုံးမှာ ချစ်ဖို့ကောင်းတဲ့သံရှည်ဆွဲ ပုံစံထည့်ရေးလိုက်တာမျိုးပါပဲ။ မင်းနော်...မင်းကွာ ....အဲ့လိုအသံရှည်ဆွဲတာမျိုး///

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now