Ch7 - ၃စက္ကန့်စာ အသံMessage: ကိုယ်မင်းကိုတောင်းပန်ပါတယ်

13.3K 2.2K 71
                                    

Zawgyi

What Should I Do if the School Bully is Interested in Me


ဟယ်ချန်းမင်က အိပ်ပျော်သွားလိုက်တာ နေ့ခင်းထိအောင်ပဲ။ သူနိုးလာတော့ ခန္ဓာကိုယ် တစ်ခုလုံးက လန်းဆန်းပြီးတော့ ပင်ပန်းနွမ်းနယ်နေမှုတွေလည်း ပျောက်သွားလေတယ်။

သူက ခေါင်းမော့ပြီး နာရီကို ကြည့်လိုက်တော့ ၁၂နာရီ ၂၇မိနစ်တောင် ရှိနေပြီ ဖြစ်တယ်။ အခန်းထဲက ထွက်သွားဖို့ပြင်နေရင်းမှ သူက စားပွဲပေါ်ပ အိုင်အိုဒင်းပုလင်းနဲ့ ပတ်တီးလိပ်တွေကို တွေ့သွားတယ်။

အခန်း ၂က ဘယ်သူကမှ သူ့ခုံပေါ်ကို ဘာပစ္စည်းမှ တင်ရဲမှာ မဟုတ်ဘူး။ မဟုတ်မှ လွဲရော ......။

ဟယ်ချန်းမင်က သူ့လက်ချောင်းပေါ်က ခြစ်ရာတွေကို ကြည့်ပြီးတော့ သူ့နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခု ပေါ်ထွန်းလာတယ်။ သူက ဖုန်းကို ဆွဲထုတ်လိုက်ပြီးတော့ ကျိလျောင်ကို Wechatကနေ Message ပို့လိုက်တယ် :

{မင်းအစောပိုင်းလေးက ကိုယ့်ဆီကိုတစ်ခုခုပို့သေးလား}

တစ်ဖက်က ကျိလျောင်က အမြန် စာပြန်လိုက်တယ်:

{အင်း}
 
စကားလုံးတစ်လုံးတည်းဆိုပေမဲ့ ဟယ်ချန်းမင်ကတော့ အူးမြူးနေမိပြီ။ ဒဏ်ရာ ရရာကြိုးနပ်သွားတာမလို့ သူက သူ့လက်ချောင်းတွေကိုတောင် မနမ်းပဲ မနေနိုင်တော့ဘူး။

သူ့ခံစားချက်တွေ ကောင်းနေတုန်းမှာ သူ့ပါးစပ်သူ မထိန်းနိုင်တော့ဘူး။ အခန်းပြင်ကို ပြေးထွက်သွားရင်းက သူက ကျိလျောင်ကို မေးလိုက်တယ်:

{ဘေဘီ မင်းဘယ်မှာလဲ။ ကိုယ်မင်းကို လွမ်းနေပြီ}

သူက အဲဒါကို voice messageနဲ့ ပို့လိုက်တာ။ ဘေးက ဖြတ်သွားတဲ့ ကောင်မလေးတစ်ယောက်က အဲဒါလည်းကြားရော ဟယ်ချန်းမင်ကို အလန့်တကြား ကြည့်ရင်း ထွက်ပြေးသွားလေတယ်။

အဲဒီအချိန်မှာပဲ ကန်တင်းမှာ စားသောက်နေတဲ့ ကျိလျောင်က တစ်ဖက်က ၃စက္ကန့်စာ voice messageပို့ထားတာကို မြင်လိုက်တယ်။ သူက ဖုန်းရဲ့ အသံ volumeကို နှိမ့်လိုက်ပြီးတော့ play ခလုတ်ကို နှိပ်ရင်း နားနားမှာကပ်ထားလိုက်တယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now