Ch13 - စောနက မင်းပုခုံးပေါ် လက်တင်ထားတဲ့သူက ဘယ်သူလဲ

12.7K 2K 23
                                    

Zawgyi

What Should I Do if the School Bully is Interested in Me



သူတို့လေးယောက်မှာ ကျိလျောင်ကလွဲလို့ ကျန်သူတွေက သိပ္ပံကျောင်းသားတွေ ဖြစ်တယ်။ ဟယ်ချန်းမင်နဲ့ လင်းကျန်က အခန်း နှစ် က ဖြစ်ပြီး ကုမင်းရန်ကတော့အခန်းတစ်က ဖြစ်လေတယ်။ ကျိလျောင်ကတော့ အနုပညာ ကျောင်းသား ဖြစ်တာမလို့ သူ့အခန်းက ညာဘက် အစွန်ဆုံးက အခန်းတစ်ဆယ့်နှစ် ဖြစ်လေတယ်။

အခန်း ဆယ့်နှစ်က ညာဘက်လှေကားရဲ့ဘဝင်ပေါက်နဲ့ နီးတာကြောင့် ကျိလျောင်က သူတို့နဲ့ လမ်းတစ်ဝက်မှာတင် လမ်းခွဲလာခဲ့တယ်။

ဒါပေမဲ့ သူခြေနှစ်လှမ်းလောက်ပဲ လှမ်းရသေးတယ်။ တစ်စုံတစ်ယောက်က နောက်ကနေ သူ့ကို ခုန်အုပ်ပြီး အလန့်တကြားဖြစ်သွားအောင် လုပ်လိုက်လေတယ်။

သူ ခေါင်းလှည့်ကြည့်လိုက်ပြီး အဲဒီလူက ယွီကျင်း မှန်း မြင်ကာမှ သူ့နှလုံးသားလေးလည်း သူ့ရင်ဘတ်ထဲ ပြန်ဝင်သွားလေတယ်။

"မင်း ဘာလုပ်တာလဲ"

ကျိလျောင်က သူ့ကိုမေးလိုက်တယ်။

ယွီကျင်းက ရင်းရင်းနှီးနှီးနဲ့ ကျိလျောင်ရဲ့ ပုခုံးတွေကို ဖက်လိုက်ပြီးတော့ သူ့တို့နောက်ကို လှည့်ကြည့်လိုက်တယ်။ သူက ပြောတယ်။

"မင်း ခုဏက ဟယ်ချန်းမင်နဲ့အတူ ရှိနေတာလား။ ကုမင်းရန်တို့ လင်းကျန်တို့နဲ့ရောလေ"

ဒါက မယုံကြည်နိုင်လောက်စရာဆိုတာ သူသိတယ်။ တကယ်တော့ ဒီကျောင်းမှာ ဟယ်ချန်းမင်နဲ့ ကုမင်းရန် ဆိုတာ မြင့်မားတဲ့ တောင်တန်းဒေသက ပန်းနှစ်ပွင့်လိုပဲလေ။ တစ်ခြားဘယ်သူ့ကိုမှ အဆက်အဆံ လုပ်တာ မဟုတ်ဘူး။ လင်းကျန်က သူတို့အသိုင်းအဝိုင်းထဲကို ဝင်ခွင့်ရတဲ့ တစ်ဦးတည်းသောသူ ဖြစ်ပြီး အဲဒါတွေကြောင့်ပဲ လူတိုင်း မနာလိုဖြစ်တာ ခံရတော့တယ်။

ကျိလျောင်က ခေါင်းငြိမ့်ပြလိုက်တယ်။ တိတ်တိတ်နေလိုက်ခြင်းနဲ့ပဲ ထိုသုံးယောက်နဲ့ သူနဲ့ ရင်နှီးမှုရှိတယ် ဆိုတာ ဝန်ခံလိုက်တော့တယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now