Unicode
What Should I Do if the School Bully is Interested in Me
Ch123.1 - Extra 4 [Part 1] - Adults (He Cheng Ming x Ji Liao)
"အပြင်ပန်းကတော့ လက်ခံစရာပါပဲ။ ခံနိုင်ရည်အားအတွက်တော့ တွက်ချက်တာတွေမှန်တယ်ဆိုတာကို အတည်ပြုဖို့ ကျေးဇူးပြုပြီး ထပ်စစ်ဆေးပေးပါဦးဗျာ"
ထိုလူမှာ ချောမောတဲ့ရုပ်ရည်သွင်ပြင်ရှိတယ်။သူ့တံတောင်ဆစ်တို့ကို အစည်းအဝေးစားပွဲပေါ်မှာ ထောက်ထားပြီးတော့ လက်ချောင်းထိပ်တို့ကတော့ နှာရိုးကိုပွတ်သပ်လျှက်ရှိတယ်။သူဟာ ဒီ"Swan neck" ပရောဂျက်ကြောင့် အလုပ် လုပ်နေရတာ သုံးရက်သုံးည တိုင်ခဲ့ပြီ။
ကျိလျောင်ဟာ အသက် ၂၈နှစ်ရှိပြီဖြစ်တယ်။မနှစ်က သူ့ရဲ့ "စုံတွဲလေးတို့အိမ်"ဒီဇိုင်းကျေးဇူးကြောင့် သူဟာ ဗိသုကာအသိုင်းအဝိုင်းမှာ မြင်းနက်တစ်ကောင်ဖြစ်လာခဲ့ပြီး လက်ရှိမှာလည်း GM ဗိသုကာဒီဇိုင်းအဖွဲ့အစည်းမှာ ပရောဂျက်မန်နေဂျာ ဖြစ်နေခဲ့ပြီ ဖြစ်တယ်။
ဗိသုကာဒီဇိုင်းတွေ ဆွဲရတာက အရမ်းကိုပင်ပန်းတယ်။အလှအပအနုပညာရော စက်မှုဆိုင်ရာရော ထည့်သွင်းစဥ်းစားရတယ်။လုံခြုံရေးကိုသုံးသပ်ဖို့ တွက်ချက်မှုတွေကို ထပ်ခါတလဲလဲ လုပ်ဖို့လည်း လိုတယ်။
အစည်းအဝေးတစ်ဝက်အရောက်မှာပဲ စားပွဲပေါ်ကဖုန်းက တုန်ခါလာတယ်။
ကျိလျောင် ခေါ်ဆိုသူနာမည်ကိုကြည့်လိုက်တော့ သူ့အမူအရာက ချက်ချင်းလန့်ဖြန့်သွားတယ်။ သူက အပြင်ဘက်ကို မတုန်မလှုပ်အမူအရာနဲ့ ထွက်လာပြီး ဖုန်းကိုင်လိုက်တယ်။ သူဘာတစ်ခွန်းမှ မပြောရခင်မှာပဲ တစ်ဖက်ကလူက ခပ်တင်းတင်းသံနဲ့စကားဆိုတော့တယ်။
"ကိုယ် အလုပ်ကိစ္စနဲ့ခရီးသွားတာ သုံးရက်ပဲရှိသေးတယ်။ မင်းက သုံးရက်လုံး အိမ်ပြန်မလာဘူးပေါ့။ ဘေဘီ..ကိုယ် GMကိုဝယ်ပစ်အောင် မင်းတွန်းအားပေးနေတာလား!"ဟယ်ချန်းမင်က စီးပွားရေးဆိုင်ရာညီလာခံတက်ဖို့ Hမြို့ကို သွားခဲ့ရတာ ဖြစ်တယ်။သူပြန်ရောက်ရုံရှိသေးတယ်။ သူ့ဇနီးလေးကို လွမ်းလွန်းလို့ အိမ်ကိုချက်ချင်း အလောတကြီးပြေးချလာခဲ့တာလေ။
BẠN ĐANG ĐỌC
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Lãng mạnမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။