Zawgyi
What Should I Do if the School Bully is Interested in Me
Ch16 - ဒါပေမဲ့ ငါကသူ့ပဲ ကြိုက်တာ
ကျိလျောင်ကတော့ ခုနက အသက်ရူကြပ်လုနီးပါး အနမ်းခံရတာတောင် သူ့စိတ်က စိတ်ကောင်းဝင်နေတုန်းပဲ။ဟယ်ချန်းမင် တောင်းပန်တာ ကြားရတော့ သူက တိတ်တိတ်လေး ခိုးရယ်မိတယ်။ ဘာလို့များ သူက အမြဲတမ်း လုပ်ပြီးမှ တွေးပေးရတာလဲ။
ဒါပေမဲ့လည်း ဒါနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက် မဖြစ်တာကြောင့် ရှိပါစေတော့ လို့ပဲ တွေးမိတော့တယ်။ တကယ်တမ်းကျတော့ ဟယ်ချန်းမင် သူ့ကို လိုက်ခဲ့တဲ့ တစ်လျောက်လုံး သူတကယ်ပဲ တစ်ခုခုကို ခံစားခဲ့ရတယ်လေ။
အဲဒီ ခံစားချက်ကြီးက ကျိလျောင်ကို စိတ်တိုရစေတယ်။သူ့စိတ်ထဲမှာ ဒါ မဖြစ်သင့်ဘူးလို့ ခံစားနေရပေမဲ့လည်း သူ့ခန္ဓာကိုယ်က အရမ်းကို ရိုးသားပြီးတော့ ဟယ်ချန်းမင် ဖြားယောင်းဆွဲဆောင်တာကို ခံနေရတယ်လေ။
"ငါ့ကို မဖက်နဲ့"
သူက နည်းနည်းလောက် ရုန်းလိုက်ပေမဲ့ ပိုလို့တောင် တင်းတင်းကြပ်ကြပ် အဖက်ခံလိုက်ရတယ်။
"ကိုယ် လွှတ်လိုက်ရင် မင်းလေးက သေချာပေါက် ထွက်ပြေးမှာလေ"
ဟယ်ချန်းမင်ရဲ့ လက်တွေက ဗိုလ်ကျလွန်းစွာပဲ သူ့ကို သိုင်းဖက်ထားတယ်။သူ့သခင်ကို ကျေနပ်စေလိုတဲ့ ခွေးကြီးကြီး တစ်ကောင် အလား ဟယ်ချန်းမင်က ခေါင်းကိုနှိမ့်လို့ ကျိလျောင် ပခုံးပေါ်ကိုသူ့မေးစေ့ တင်ထားလေတယ်။
ကျိလျောင်က တဒင်္ဂလောက် ဆွံ့အသွားတယ်။
"ဒါဆို ငါ့ကို ဘယ်ချိန်ထိ ဖက်ထားမှာလဲ။ ငါတို့ ပြန်မသွားရင် သူတို့က တစ်ခုခုကို သံသယ ဝင်သွားကြလိမ့်မယ်"
စကားနဲ့အတူ သူက သူ့ရှေ့က လူကြီးကို တွန်းထုတ်ပစ်ချင်တာ။ ဒါပေမဲ့ မဖြစ်နိုင်ဘူးလေ။
ဟယ်ချန်းမင်က သူ့ကို ဖက်ထားရတာကို အရမ်း သဘောကျနေပြီးတော့ သူ့ခံစားချက်တွေကလည်း လွယ်လင့်တကူကိုပဲ ကောင်းမွန်လာလေတယ်။သူက အသာအယာ ရယ်မောရင်းနဲ့ ကျိလျောင် နား နားကပ်လို့ ဆိုလိုက်တယ်။
YOU ARE READING
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Romanceမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။