Ch4- မင်းငါ့ကို စောင့်နေမယ်လို့ ငါမထင်ခဲ့ဘူး

15.6K 2.3K 27
                                    

Zawgyi

What Should I Do if the School Bully is Interested in Me



ကျိလျောင်က စကားပြောရ ခက်နေပုံနဲ့ နှုတ်ခမ်းကို ကိုက်လို့ ဆိတ်ဆိတ်နေလေတယ်။

သူက ယွီကျင်းကို တမင်တကာကြီးဖုံးထားတာမျိုး မဟုတ်ပဲ ဘယ်လိုပြောရမယ်မှန်း မသိလို့သာ ဖြစ်တယ်။ဒီအခြေအနေကြီးက ယုတ္တမတန်လွန်းလို့ သူကိုယ်တိုင်တောင် လုံးဝကြီး လက်ခံနိုင်သေးတာမဟုတ်ဘူး။

ယွီကျင်းက သူ ရှက်နေတာကိုမြင်တော့ ဒီကိစ္စကို ပြောဖို့ ထပ်ပြီး ဖိအားမပေးတော့ဘူး။ကျိလျောင်ပုံက သတ္တိနည်းတဲ့ပုံပေါက်ပေမဲ့ တကယ်တမ်းကျ အရမ်းခေါင်းမာတယ်ဆိုတာ သူသိထားတယ်လေ။သူမပြောချင်တဲ့အရာကို မေးဖို့ဆိုတာ တကယ်အသုံးမဝင်လေဘူး။

"ထားလိုက်ပါတော့။ ဘာပဲဖြစ်ဖြစ် ဟယ်ချန်းမင်လို လူမျိုးနဲ့ သူငယ်ချင်းဖြစ်တယ်ဆိုတာ ကောင်းကျိုးရှိတာ မဟုတ်ဘူး"

မင်းမထိခိုက်ဘူး ဆိုရင်တော့ အဆင်ပြေပါတယ်လို့တော့ ယွီကျင်းက တွေးမိတယ်။

ကျိလျောင်က ခေါင်းငြိမ့်ပြလိုက်တယ်။ သူကျေးဇူးတင်တယ်ဆိုတာကို ပြဖို့အတွက် သူက ပေါင်မုန့်ထဲက ဝက်အူချောင်းကို တစ်ဝက်ခွဲလို့ ယွီကျင်းကို ပေးလိုက်သေးတယ်။

ယွီကျင်းက ရှည်ရှည်ဝေးဝေး တွေးမနေပဲ ဝမ်းသာအားရ လက်ခံလိုက်တယ်။

နေ့ခင်းရောက်တော့ ကျိလျောင်က သူ့စာသင်ခုံကို အမြန်ရှင်းပြီး စာကြည့်တိုက်မှာပုန်းနေဖို့ ကျောင်းကလူအုပ်ကြီးနဲ့ပုန်းလျိုးကွယ်လျိုးသွားခဲ့တယ်။သူ့ဖုန်းက သူနဲ့ပါမလာပဲ စာသင်ခန်းထဲကသူ့ ခုံအောက်မှာ ကျန်ခဲ့တယ်။ သူအဲလိုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဟယ်ချန်းမင်ဆီက နောက်ထပ်messageတွေကို မမြင်ချင်တာရယ်၊ သူနဲ့အတူစားဖို့ ဖိတ်ခေါ်ချက်ကို လက်မခံချင်တာရယ်ကြောင့်ပေါ့။

သူဒီလို တိတ်တဆိတ်ပုန်ကန်နေတာကတော့ တစ်ဖက်လူက သူရဲ့ရည်ရွယ်ချက်ကို နားလည်ပြီး သက်ညှာစိတ်လေးနဲ့ သူ့ကို လွှတ်ပေးဖို့ မျှော်လင့်နေတာဖြစ်တယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now