Ch28.2 - မင်းကိုယ့်ကိုရူးအောင်လုပ်နေတာပဲ

10.7K 1.8K 13
                                    

Zawgyi

What Should I Do if the School Bully is Interested in Me



"အိမ်မှာ ဘာဖြစ်လို့လဲ"

ဟယ်ချန်းမင်က လက်ရှိအခြေနေကို မေးမြန်းဖို့လည်း မမေ့လေဘူး။

သူတို့ကျောင်းကပြန်တုန်းက ကျိလျောင်က အကောင်းသားကြီးလေ။ အချိန်နည်းနည်းကြာသွားပြီဆိုတော့ သူ့ကို မပျော်ရွှင်အောင်လုပ်တဲ့အရာက အိမ်မှာဖြစ်တဲ့ ကိစ္စပဲ ဖြစ်မှာပဲ။
 
"ငါ့အမေက ငါ့အတွက် ပထွေးရှာပေးနေတယ်"

ကျိလျောင်က တစ်ဖက်ကောင်လေးရဲ့ ပြင်းထန်တဲ့ နှလုံးခုန်သံကို ခံစားမိနေတော့ သူက မသဲမကွဲလေး ဆက်ပြောတယ်။

"ဒါပေမဲ့ ငါ့အမေကို နောက်အိမ်ထောင်မပြုစေချင်ဘူး"

ဒီကိစ္စက ပရိုက်ဗိတ်ဆန်တဲ့ကိစ္စဆိုပေမဲ့သူ့ကို ပြောပြလိုစိတ်ရှိခြင်းက သူ့အပေါ် အပြည့်အဝယုံကြည်ကြောင်းကို ပြသနေပေတယ်။

ဟယ်ချန်းမင်က သူ့လက်မောင်းတွေကို ဖျစ်ညစ်လိုက်ရင်း သူ့စိုးရိမ်ပူပန်မှုတွေကို လျော့ချပေးဖို့ ကြိုးစားလိုက်တယ်။

"မင်းအဖေက မရှိတော့ဘူးလေ။ အန်တီကလည်း မိန်းမတစ်ယောက်မလား။ သူကမင်းကို အဖေလိုရော အမေလိုပါ ပြုစုပေးရတာလေ။ အဲဒါကြီးက အရမ်းဖိအားများတဲ့ကိစ္စပဲ"

သူက ရွှီအိုက်ဝမ်သာ တစ်ကိုယ်တည်းနေနေရရင် သူမအတွက် ခက်ခဲမယ့်အကြောင်းကို ကျိလျောင်ကို သတိပေးလိုက်တယ်။
 
ကျိလျောင်က လက်မခံနိုင်စရာ တစ်စုံတစ်ခုကို သတိထားမိပြီးတော့ သူ့စိတ်က အဲဒါကို သိချင်သွားတယ်။ သူက မေးခွန်းထုတ်လိုက်တယ်။

"ငါ့အဖေ မရှိတော့ဘူးဆိုတာ မင်းဘယ်လ်ုလုပ်သိလဲ"

သူပြောခဲ့တာက "ငါ့အမေက ငါ့အတွက် ပထွေး ရှာပေးနေတယ်" ဆိုတာလေးပဲလေ။ အဲဒီစကား အဓိပ္ပါယ်က ကွာရှင်းတဲ့အခြေနေလည်း ဖြစ်နိုင်တယ်လေ။ ဘယ်လိုလုပ်ပြီး ဟယ်ချန်းမင်က သူ့အဖေ မရှိတော့ဘူးလို့ တက်အပ်ပြောချတာလဲ။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now