Ch30.1 - အဲဒီမတော်တဆမှုကသူ့ကြောင့်

10.7K 1.7K 22
                                    

Zawgyi

What Should I Do if the School Bully is Interested in Me


ကျိလျောင်က စကားလမ်းကြောင်းပြောင်းလိုက်တယ်။

"ငါတို့ ဘယ်သွားကြမလဲ"

ခုချိန်က နေ့လည် ၃နာရီသာ ရှိသေးတာမလို့ အစောကြီး ရှိသေးတယ်လေ။

"ဘေဘီ သွားချင်တဲ့နေရာ ရှိလား"

ဟယ်ချန်းမင်က ဘာအစီအစဉ်ကိုမှ ထပ်ပြီး မစဉ်းစားထားမိဘူး။ သူ့ရှေ့က လူသားလေးနဲ့သာ အတူရှိနေမယ်ဆိုရင် သူတို့ဘယ်သွားသွား ဘာလုပ်လုပ် နောင်တရခြင်းမရှိပဲ ကျေနပ်နှစ်သိမ့်နေမှာပဲ။

ဟုတ်သား.....

ကျိလျောင် စိတ်ထဲမှာ ဖြတ်ကနဲ အတွေးပေါ်သွားတယ်။

သူအရင်က ခဏခဏ သွားနေကြ နေရာလေးရှိတယ်။ ဒါပေမဲ့လည်း ကျိချင်းဝမ် ဆုံးပါးသွားပြီးကတည်းက သူအဲ့နေရာကို ဘယ်တော့မှ ထပ်မသွားတော့ဘူး။

"ချင်းကျစ်တောင်လေ။ အဲ့နေရာကို မင်းသိလား"

သူက နောက်ဆုံးတစ်လုတ်စာ ရေခဲမုန့်လေးကို လက်စသတ်လိုက်ပြီးတော့ ဟယ်ချန်းမင်ကို ကြည်ကြည်တောက်တောက် မျက်လုံးလေးတွေနဲ့ကြည့်လိုက်တယ်။

ဟယ်ချန်းမင် မျက်နှာက ကွက်ခနဲ ပျက်သွားပြီးတော့ သူ့အကြည့်တွေက လှုပ်လှုပ်ရှားရှားရှား ဖြစ်သွားတယ်။ဒါပေမဲ့ သူကအမြန် ဣနြေ္ဒဆည်လိုက်ပြီးတော့ ခေါင်းငြိမ့်ပြတယ်။ ပြီးမှ တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ ဆက်ပြောတယ်။

"နည်းနည်းတော့ ဝေးတယ်"

ခရီးက ဒီကနေဆို တစ်နာရီခွဲလောက်ကြာအောင်သွားရမှာ။ ပြီးတော့ အဲ့နေရာက ခေါင်တော့ ပြန်လာဖို့လည်း ခက်တယ်။

"ဘာပဲဖြစ်ဖြစ်လေ ငါတို့မှာ အချိန်အများကြီးပိုနေတာကို။ သွားကြမလား"

ကျိလျောင်ပုံစံက ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချပြီးတဲ့ပုံ ပေါက်နေတယ်။

သူ့မှာ သတ္တိမရှိတာကြောင့် အဲဒီနေရာကို သွားမိရင် သူပြိုလဲကျသွားမှာကိုလည်း ကြောက်တယ်။သူပြန်လာတာ နောက်ကျလို့ ရွှီအိုက်ဝမ် စိုးရိမ်နေမှာကိုလည်း ကြောက်တယ်။သူ့မှာ ဒွိဟ ဖြစ်စရာတွေ အရမ်းများနေတာမလို့ ကျိချင်းဝမ်ရဲ့ နောက်ဆုံးခရီးကို ရင်ဆိုင်ဖို့ကိုလည်း ဆင်ခြေဆင်လက်တွေချည်း သုံးနေခဲ့တာ။ ခုချိန်မှာတော့ သူ့အနားမှာ ဟယ်ချန်းမင် ရှိနေပြီဆိုတော့ နည်းနည်းစိတ်သက်သာရနေတယ်။ပြီးတော့ ဒီလူသားအပေါ် မှီခိုပြီးတော့ ဒီကိစ္စကို ရင်ဆိုင်ကြည့်ချင်တယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now