Side Story 30(Gu❤️Lin)

4.5K 677 8
                                    

Unicode

What Should I Do if the School Bully is Interested in Me

Ch120 - Side Story 30 – It Tastes Like You (Gu Ming Ren x Lin Jiang)

သူတို့နှစ်ယောက်ရဲ့ဇီဝကမ္မကိစ္စတွေ ဖြေရှင်းပြီးသွားကြတဲ့အခါမှာတော့ လင်းကျန်က ကုမင်းရန်ရဲ့ပခုံးပေါ် အားရကျေနပ်စွာ မှီတွယ်လိုက်တယ်။သူတို့ရဲ့လက်ချောင်းတွေက ယှက်ဖြာနေကြပြီးတော့ လက်သူကြွယ်ပေါ်က စုံတွဲလက်စွပ်နှစ်ကွင်းကတော့ အတူတကွ ထပ်လျက်ရှိကြလေတယ်။

ဒီသုံးနှစ်တာလုံးမှာ လင်းကျန်ဟာ လက်စွပ်ကိုအမြဲတမ်းဝတ်ထားခဲ့တာဖြစ်တယ်။တဏှာရာဂကြီးတဲ့ဘယ်ယောကျာ်းမဆို ခြေလှမ်းလှမ်းလာတဲ့အချိန်တိုင်းမှာ သူက လက်ချောင်းကိုပဲမြှောက်ပြလိုက်တာမို့ တစ်ဖက်လူက လိမ္မာပါးနပ်စွာနဲ့ နောက်ဆုတ်သွားရမြဲပဲ။

ကုမင်းရန်ကလည်း ထိုနည်းတူစွာပဲ။ နိုင်ငံခြားက ငယ်ရွယ်ပြင်းပြတဲ့အချစ်တော်လေးတွေဘက်ကစပြီး သူ့ကိုချဉ်းကပ်ကြပေမယ့် သူကတော့ နည်းနည်းလေးတောင်မှ ဆွဲဆောင်ဖြားယောင်းခြင်းကိုမခံလေဘူး။

ချစ်သူရည်းစားကိစ္စတွေပြောကြရင်လည်း သူက လင်းကျန်အကြောင်းပဲအမြဲထည့်ပြောတယ်။ရိုင်းစိုင်းမောက်မာတဲ့စရိုက်နဲ့ ချစ်စရာကောင်လေးတစ်ယောက်က သူ အိမ်အပြန်ကိုစောင့်နေတဲ့အကြောင်းလည်း မကြာခဏဆိုသလိုပြောပြတယ်။

ကုမင်းရန်ရဲ့မျက်လုံးတွေက လင်းကျန်တိုက်ခန်းတစ်ဝိုက်ကို ဟိုဟိုဒီဒီ လိုက်ကြည့်နေမိတယ်။သူမြင်သမျှကတော့ ခြေအိတ်တွေ၊ ဖိနပ်တွေ၊ ပါဆယ်မှာစားထားတဲ့အမှိုက်ခွံတွေ၊ ပန်းကန်လုံးနဲ့တူနဲ့အတူရောနှောထား,ထားတဲ့အသေးစားလျှပ်စစ်ပစ္စည်းကိရိယာတွေပဲ ဖြစ်တယ်။ရှုပ်ပွနေပုံကတော့ ခွေးလှောင်အိမ်တစ်ခုအလားပဲ။

ဒါပေမဲ့လည်း လင်းကျန်ရဲ့စတိုင်အရ သူတစ်ယောက်တည်းနေပြီဆိုကတည်းက ဒါမျိုးပဲ ဖြစ်သင့်တာ။ မဟုတ်လို့ အရမ်းသန့်ရှင်းနေရင် ကုမင်းရန်ခမျာ စိုးရိမ်နေရတော့မှာလေ။

ကုမင်းရန် ခေါင်းငုံ့ရင်း သူ့ရဲ့ချစ်သည်းလေးကို အနမ်းတစ်ပွင့်ပေးလိုက်တယ်။ ကြည့်ရတာ ဒီကောင်လေးက အတော်လိမ္မာပြီးယဉ်ကျေးနေသေးတဲ့ပုံပဲ။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now