Ch47 - You Don't Know the Reason I Didn't Invite You?

8K 1.3K 41
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch47 - You Don’t Know the Reason I Didn’t Invite You?

KTV မှာတော့ လင်းကျန်နဲ့ ကောင်လေးနှစ်ယောက်သာ ကျန်ရှိတော့တယ်။
 
ထိုနှစ်ယောက်က အတူလာကြတာမို့ သူတို့မပြန်ခင် လင်းကျန်ကို စိုးရိမ်တကြီး မေးကြတယ်။

"မင်းအိမ်ကို ဖုန်းဆက်ပြီးပြီလား"

လင်းကျန်က စိတ်မရှည်နိုင်စွာ လက်ကိုဝေ့ယမ်းပြလိုက်တယ်။ သူတို့က နားပူလွန်းတာမို့ မြန်မြန်ပြန်ဖို့သာ အရိပ်အယောင်ပြနေလိုက်တယ်။

ဖုန်းခေါ်ရမယ်တဲ့လား။ ငရဲကိုပဲ ခေါ်လိုက်မယ်။ သူ့အဖေများ ဒီပုံစံနဲ့မြင်လို့ကတော့ ကြိုးတုပ်ပြီး အရိုက်ခံရမှာ။

အစောပိုင်းတုန်းက သူ အရက်ပုလင်းတော်တော်များများသောက်ထားတာမလို့ ခုချိန်မှာ ခေါင်းတွေ ကိုက်လို့နေတယ်။နောက်ထပ် ဘာဆက်လုပ်ရမယ်ဆိုတာ မဆုံးဖြတ်ခင် သူ အနားယူချင်သေးတယ်။

ကျန်တဲ့နှစ်ယောက် ထွက်သွားကြတော့ အခန်းက ငြိမ်ကျသွားတယ်။ ဆူဆူညံညံ ပျားပန်းခပ် လှုပ်ရှားမှုတွေ အပြီးမှာ ခုတော့ တိတ်ဆိတ်ခြောက်ကပ်သွားလေရဲ့။

လင်းကျန်က ဆိုဖာပေါ်မှာ စိတ်ဓာတ်ကျစွာ လဲနေမိတယ်။ သူကဖုန်းကိုဆွဲထုတ်ပြီးတော့ အထက်အောက် ပွတ်ဆွဲကြည့်နေတယ်။ သူ့ရဲ့စာရင်းမှာ ဟယ်ချန်းမင်က လွဲလို့ သူယုံကြည်တဲ့လူ တစ်ယောက်မှ မရှိဘူး။ အကုန်လုံးက သာပေါင်းညာစား သူငယ်ချင်းတွေချည်းပဲ။

သူက သက်ပြင်းတစ်ချက်မှုတ်ထုတ်ရင်း ဖုန်းကိုဘေးမှာ ပစ်ချထားလိုက်တယ်။

မျက်လုံးတွေကို မှိတ်လို့သာ တစ်ရေးအိပ်ပစ်လိုက်တော့တယ်။

သတိရှိနေသေးတဲ့အချိန်မှာ တစ်စုံတစ်ယောက်က သူ့ဘေးနားလာထိုင်တာကို ခံစားမိတယ်။ အဲ့ဒီလူက သူ့မျက်နှာကို အေးစက်စက်လက်ဖျားတွေနဲ့ ထိတွေ့နေတယ်။
သူ့မျက်နှာကလည်း အရမ်းပူနေတော့ ကန့်ကွက်တောင်မနေတော့ဘူး။ တော်တော်ကြီးကို သက်တောင့်သက်သာရှိနေသလိုတောင် ခံစားရတယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now