Sidestory 1(Gu❤️Lin)

8.2K 1.2K 52
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch91 - Side Story 1 – Fine, I’ll Sell it to You (Gu Ming Ren x Lin Jiang)

ထိုညဟာ ပူပြင်းတဲ့ညတစ်ညဖြစ်တယ်။ ခွဲခွာမရအောင်ပူးကပ်နေတဲ့ ခန္ဓာကိုယ်နှစ်ခုဟာ ဆိုဖာကနေ အိပ်ရာပေါ်၊ ရေချိုးခန်းကနေ မီးဖိုခန်းထိအောင် ခရီးဆက်နေကြတယ်။

လင်းကျန်ဟာ တစ်ဖက်လူရဲ့ ထပ်ခါတလဲလဲ ဖိညှစ်မှုတွေနဲ့ ကြမ်းတမ်းရမ်းကားမှုတွေကို  သွားတင်းတင်းကြိတ်ပြီး သည်းခံထားနေရတယ်။

*********

သူ အလန့်တကြားနဲ့ နိုးလာပြီး ရုတ်တရပ် ထထိုင်လိုက်တဲ့အခါမှာတော့ နံရပ်ကပ်နှစ်ထပ်ကုတင်ကို ပြင်းထန်စွာရမ်းခါသွားစေတော့တယ်။

ကုတင်အောက်ဘက်နေ လူတစ်ယောက်ရဲ့ ခပ်ကြမ်းကြမ်းသံက ထွက်ပေါ်လာတယ်။

"သားကြီး မင်းဘာလုပ်တာလဲကွ!ငါ့မှာ ပဲနို့သောက်ရင်း တန်းလန်းကြီးကွ..ငါ့အပေါ်အကုန်မှောက်ကျကုန်ပြီ!"

အဲ့ဒီလူဟာ သူ့အခန်းဖော် ဟောင့်မုန်ပဲ ဖြစ်လေတယ်။

လင်းကျန်ခေါင်းက အောက်ကိုငုံ့ကြည့်လိုက်ရင်း ခပ်ခြောက်ခြောက်သံနဲ့ စကားဆိုလိုက်တယ်။

"ငါတောင်းပန်ပါတယ်"

ချွေးတွေက သူ့နဖူးပေါ်ကနေ စီးကျလာတယ်။ပလပ်စတစ် အကြည်နဲ့ထုပ်ပိုးထားတဲ့ ပေါင်မုန့်ဟာ စားပွဲပေါ် ဘုတ်ခနဲ ပစ်တင်ခံရပြီးနောက်မှာတော့ တိတ်ဆိတ်နေတဲ့ မနက်ခင်းမှာ အတော်ကြီးကိုကျယ်လောင်လှတဲ့ အသံက ထွက်ပေါ်လာတယ်။

"မဖြစ်နိုင်တာ..မင်း အိမ်မက်ဆိုးတွေ ထပ်မက်ပြန်ပြီလား"

ဟောင့်မုန်က တီရှုးနှစ်ရွက်လောက်ယူကာ သူ့ရဲ့ပေကျံသွားတဲ့အင်္ကျီကိုခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်ရင်း သက်ပြင်းချလိုက်တယ်။ သူတော့ နောက်အင်္ကျီတစ်ထည် လျှော်ရပြန်ဦးမယ်။

ဒီလိုမျိုးတော့ မပြောချင်ပေမယ့်  ခဏခဏကို အိမ်မက်ဆိုးတွေမက်တတ်တဲ့ ဒီသက်ဒီရွယ်နဲ့ယောကျာ်းတစ်ယောက်ကို သူတစ်ခါမှ မမြင်ဖူးခဲ့ဘူး။ဒီလိုခဏ ခဏဖြစ်အောင် ဘယ်လိုနတ်ဆိုးကိုများ ဒီကောင်ရန်စ မိသလဲတော့ သူလည်းမသိဘူး။အိမ်မက် မက်ပြီးတိုင်းလည်း အဲ့ဒီကောင်က ခေါင်းအစ ခြေအဆုံး ချွေးတွေရွှဲနေလိုက်တာ ရေထဲကနေခုမှ ဆွဲထုတ်ခံထားရတဲ့အတိုင်းပဲ။ဖြူဖတ်ဖြူလျှော် မျက်နှာကြောင့်သာ မဟုတ်ရင် ဒါဟာ လူပျိုအိမ်မက်(ညစ်ညမ်းအိမ်မက်) မက်နေတာလို့ပဲ သူထင်မိမှာ။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now