Zawgyi
What Should I Do if the School Bully is Interested in Me
Ch71 - Where Were You About to Put Your Groping Hand!
အဲ့ဒီနေ့ကျောင်းဆင်းချိန်မှာတော့ လင်းကျန်ဟာ အခန်းဆယ့်နှစ်ရဲ့ တံခါးဝမှာ စောနိုင်သမျှ စောစော သွားစောင့်နေရမယ်ဆိုတဲ့ ညွှန်ကြားချက်ကို လက်ခံရရှိခဲ့ပါတော့တယ်။
ကျိလျောင်က အတော်ရှက်သွားရတယ်။ သူက ဟယ်ချန်းမင်တစ်ယောက် လင်းကျန်ကို သူနဲ့အတူပြန်ဖို့ ပြောထားမယ်လို့ ထင်မထားမိဘူး။ လင်းကျန်ကတော့ ကွန်ပလိန်းတက်မနေဘူး။ သူ့အပြောအရတော့ သူဟာ အိမ်မပြန်ခင် ဟိုဟိုဒီဒီလျောက်သွားနေကြမလို့ ကျိလျောင်ကို အိမ်ပြန်ပို့ပေးတာကလည်း သူ့ရဲ့ အချိန်ဖြုန်းခြင်းနည်းလမ်းတစ်ခုပဲလို့ ဆိုလာတယ်။
အဲ့ဒါအပြင် မင်ကောက ဒီလို အရေးကြီးတဲ့လူကို သူ့ကိုကာကွယ်ခိုင်းတယ်ဆိုကတည်းက ဘယ်လောက်တောင်သူ့ကိုယုံကြည်စိတ်ချလဲ ဆိုတာ ပြနေတာပဲမလား!
စိတ်အားထက်သန်နေတဲ့ ဒုတိယနှစ်ကျောင်းသားလူငယ်လေး လင်းကျန်ကတော့ ဒီမစ်ရှင်းအတွက် ယုံကြည်မှု အပြည့်ပဲ!။
သူတို့နှစ်ယောက်သားက စာသင်ခန်းအဆောက်အအုံကနေ ထွက်လာခဲ့ကြတယ်။ကျိလျောင်က ကျောပိုးအိတ်ကို ကောင်းကောင်းမွန်မွန်လွယ်ထားလေတယ်။သူ့နံဘေးက လင်းကျန်ကတော့ လက်နှစ်ဖက်ကို အိတ်ကပ်ထဲ လျော့တိလျော့ရဲ နိုင်စွာ ထိုးထည့်ထားပြီးတော့ ခေါင်းကိုလည်း ခဏ ခဏကုတ်နေလိုက်သေးတယ်။ကျိလျောင်က ခေါင်းငဲ့စောင်းလို့ စိတ်ထဲမှာတစ်ခုခု အနှောင့်အယှက်ဖြစ်နေပုံပေါ်တဲ့ လင်းကျန်ကိုကြည့်လိုက်တယ်။
"အာ..ကျိလျောင်..ငါမင်းကို တစ်ခုလောက်မေးချင်လို့"
လင်းကျန်ရဲ့အသံက အနည်းငယ်ရှက်တက်တက် ဖြစ်လို့နေတယ်။ဒါပေမဲ့လည်း သူ့အနေနဲ့က ကျိလျောင်တစ်ယောက်ပဲ မေးလို့ရနိုင်တာလေ။ပထမဆုံးအချက်က ဒီကောင်လေးက အတွေ့အကြုံရှိပြီးသား။ ဒုတိယအချက်အနေနဲ့ ကျိလျောင်က နှုတ်လုံသူတစ်ယောက် ဖြစ်တာမို့ ဒီအကြောင်းကို လျှောက်ဖွနေမှာ မဟုတ်ဘူး။
YOU ARE READING
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Romanceမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။