Ch54 - Baby, You're Too Sexy

8.1K 1.3K 69
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch54 - Baby, You’re Too Sexy

သူတို့တွေ အတော်များများပြည့်အင့်အောင်စားပြီးသွားတဲ့နောက်မှာ မွေးနေ့ကိတ်က ရောက်ရှိလာတယ်။

ကိတ်ကို ဝယ်လာတာက ရွှီအိုက်ဝမ် ဖြစ်တယ်။ ကိတ်မုန့်ပတ်လည်မှာ နို့နှစ်ရောင်ခရင်မ်တွေ ဝိုင်းနေပြီးတော့ ပန်းနုရောင်နှင်းဆီပွင့်တွေကို အပေါ်မှာ စီတန်းထားတယ်။အလယ်မှာတော့ သရဖူပုံလေးနဲ့ အလှဆင်ထားလေတယ်။မုန့်ယောင်ယောင်က ဒီ ဒီဇိုင်းကို သဘောကျသွားတယ်။

ကိတ်မုန့်က စားပွဲပေါ်ရောက်တာနဲ့ ရွှီရှောင်ကျင့်က ဖုန်းထုတ်လို့ဓာတ်ပုံရိုက်လိုက်ပြီးတော့ အော်ဟစ်တော့တယ်။

"အရမ်းလှတာပဲဟယ်!"

"အေး ငါ နောက်တစ်ခါမှ အန်တီဆီကနေ လိပ်စာမေးပေးမယ်။ နောက်ဆို နင်အဲဒီကနေ အော်ဒါမှာလို့ရတာပေါ့"

မုန့်ယောင်ယောင်က ပျော်ရွှင်စွာစကားပြန်လိုက်တော့ ရွှီရှောင်ကျင့်က ခေါင်းငြိမ့်ပြတယ်။

ဓာတ်ပုံရိုက်ပြီးသွားတော့ သူတို့က ဖယောင်းတိုင်တွေထွန်းပြီး မွေးနေ့သီချင်းကို သီဆိုကြတယ်။ယောကျာ်းလေးသုံးယောက်ကတော့ အတော်ကြီးရှက်ရွံ့နေကြလေရဲ့။ အထူးသဖြင့်ဟယ်ချန်းမင်ပေါ့။ အသံတစ်သံမှမထွက်ပဲ ပါးစပ်သာလိုက်လှုပ်နေလေရဲ့။ဘေးနားက ကျိလျောင်ကလည်း ရောဝါးချဖို့ လုပ်နေချိန်မှာ မုန့်ယောင်ယောင်က သူတို့နှစ်ယောက်ကို ဖမ်းမိသွားလေတယ်။

"ဟယ်ချန်းမင်..ကျိလျောင်...နင်တို့တွေက သီချင်းလည်း မဆိုကြဘူး!"

သူမက တင်းမာနေတဲ့အမူအယာမျိုးနဲ့ မျက်ခုံးပင့်ပြလိုက်တယ်။

ဒီနေ့ကသူမရဲ့ နေ့ပဲလေ။ ဒီတော့ ဒါကို အခွင့်ကောင်းယူပြီး တစ်ခုခုလုပ်ကြတာပေါ့။

ရွှီအိုက်ဝမ် ရှိနေတဲ့အချိန်မှာ ဟယ်ချန်းမင်မျက်နှာက ဒီလိုမျိုး လူသိရှင်ကြား ထုတ်ပြောခံလိုက်ရတာကြောင့် တင်းမာသွားတယ်။သူ ဒေါထွက်နေပေမယ့်လည်း သည်းခံပြီးတော့ လုပ်ပြုံးကြီးပဲ ပြုံးပြလိုက်တယ်။ ကျိလျောင်ကတော့ နဂိုကတည်းက အရှက်အကြောက်ကြီးတဲ့လူဆိုတော့ နာမည်အခေါ်ခံလိုက်ရချိန်မှာပဲ ချက်ချင်းပဲ ရှက်ရွံ့သွားပြီးတော့ မျက်နှာတွေ ရဲလာတယ်။ သူ့ရဲ့ကူကယ်ရာမဲ့ ဖြစ်နေမှုကိုဖုံးကွယ်ထားဖို့ရာ ရေတွေချည်း ဖိသောက်နေလိုက်ရတယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now