Zawgyi
What Should I Do if the School Bully is Interested in Me
Ch29.2- Snow White and Pale Red
လင်းကျန်ကို အေးစက်စက် ဆက်ဆံတဲ့ ဟယ်ချန်းမင်ဟာ ကျိလျောင်ဘက်လည်း လှည့်ရော အမူအယာကပြောင်းပြီး နူးနူးညံ့ညံ့လေး မေးတယ်။
"ဘေဘီ ဘာစားချင်သေးလဲဟင်"
ကျိလျောင်က ခေါင်းခါပြလိုက်တယ်။ လေထုက ထူးဆန်းနေတယ် ထင်ပေမဲ့လည်း သူဘာတစ်ခုမှ မပြောဝံ့ဘူး။
သူတို့လေးယောက်သားက ခန်းမထဲမှာ ထိုင်ရင်း အထဲဝင်ဖို့ စောင့်နေကြတယ်။
ဟယ်ချန်းမင်က သူ့ ချစ်သည်းလေး နားမှာ ထိုင်နေရင်းနဲ့ မနေ့ညက ကျိလျောင်ရဲ့ စိတ်အားထက်သန်မှုတွေကို ပြန်တွေးမိတော့ နည်းနည်း ဂဏာမငြိမ်ဖြစ်လာတယ်။ သူက ကျိလျောင် လက်ကို ဆွဲယူ ဖျစ်ညစ်ရင်း နားနား ကပ်လို့တိုးတိုးလေးပြောတယ်။
"ဘေဘီ မနေ့ညက ဘာလို့ အလောတကြီးဖြစ်နေတာလဲဟင်"
ကျိလျောင်က နားရွက်တွေနီရဲလာပြီး ဟယ်ချန်းမင်ကို စိတ်တိုသလို စိုက်ကြည့်လိုက်တော့ သူက ရွှင်ရွှင်မြူးမြူး ထရယ်တယ်။
ခဏကြာတော့ ဝန်ထမ်းတစ်ယောက်က သူတို့ကို အထဲဝင်ဖို့ လာပြောတယ်။
ဟယ်ချန်းမင်က အထဲမဝင်ခင်ကတည်းက ပုံမှန်လိုပဲ ကျိလျောင်လက်ကို ကိုင်ထားတာ။သူတို့နောက်က လင်းကျန်က အဲဒါကိုလည်းမြင်ရော အံ့သြဘနန်း ဖြစ်သွားတယ်။ ဒါပေမဲ့ ကုမင်းရန်ကတော့ တော်တော်ကြီးကို မနာလိုအူတိုဖြစ်နေပြီ။ သူက သူ့ဘေးက ခွာမသေးလေးကို သေအောင်ရိုက်ပစ်ချင်စိတ်တောင် ပေါက်လာတယ်။
အထဲရောက်တော့ လင်းကျန်က ရှော့ခ်ရသွားတယ်။
"ငိုးထဲမှ ဘယ်လိုလုပ် အတွဲခုံတွေ ဖြစ်နေတာလဲဟ!"
ဒါပေမဲ့လည်း အဲ့လက်မှတ်တွေက ဟယ်ချန်းမင် ဝယ်လာတာဆိုတာကို သတိလည်းရသွားရော သူ့ခမျာ စူပုတ်ပုတ်မျက်နှာနဲ့ အောင့်အီး မြိုသိပ်ထားရတော့တယ်။
ဟင်း....အတွက်မှားဝယ်တာဖြစ်မှာပါလေ။
ကျိလျောင်လည်း အတွဲခုံတွေ ဝယ်ထားမယ်လို့ မျှော်လင့်မထားမိဘူး။သူက ကျေနပ်နှစ်သိမ့်နေမိတယ်။ တစ်ဖက်မှာလည်း ယောကျာ်းလေးနှစ်ယောက် အတွဲခုံမှာ ထိုင်တာက
နည်းနည်း မျက်စိနောက်စရာကောင်းတယ်လို့ တွေးနေမိပေမဲ့ တစ်ခြားတစ်ဖက်မှာလည်း သူတို့ကအတွဲတွေမလို့ အတွဲခုံမှာ ထိုင်တာ ပုံမှန်ပဲလို့ တွေးနေမိပြန်တယ်။
![](https://img.wattpad.com/cover/225322412-288-k650691.jpg)
YOU ARE READING
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Romanceမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။