Ch79 - But I Want to Fall in Love!

6.7K 1.3K 75
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch79 - But I Want to Fall in Love!

"ကျဲ ပန်းကန်တွေ ဆေးလိုက်မယ်လေ...ဟုတ်ပြီလား"

သူမက အရေးတယူ ဂရုတစိုက်နဲ့မေးလိုက်တယ်။

မသိလိုက်မသိဘာသာနဲ့ပဲ သူမက အကြီးဆုံး မရီးတစ်ယောက်ဆိုတဲ့ ဇာတ်ကောင်ကို ယူလိုက်ပြီးသား ဖြစ်သွားတယ်။ဧည့်သည်တစ်ယောက်ကို ဘယ်လိုလုပ် အိမ်ရဲ့ ဝေယျာဝစ္စတွေကို လုပ်ခိုင်းလို့ဖြစ်မလဲလေ။

ကျိလျောင်ကတော့ သူမကို အံ့အားသင့်သွားသလို လှည့်ကြည့်တယ်။သူ့အစား သူမကသာ ဧည့်သည်ပဲလို့ တွေးမိတော့ သူက အမြန်ပြောလိုက်တယ်။

"မလိုပါဘူးဗျ။ကျွန်တော် လုပ်နိုင်ပါတယ်"

ပြောပြီးတော့ သူက အနည်းငယ် ရှက်သွေးဖြန်းသွားရင်းပန်းကန်တွေကို ယူလို့ မီးဖိုခန်းထဲ ဝင်သွားလေတယ်။

ကျန်းချီကအရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ပုံသဏ္ဍန်လေးကိုကြည့်ရင်း သူမနှလုံးသားလေးက လှုပ်ရှားလာရတယ်။နို့ခွေးလေးကချက်တတ်ပြုတ်တတ်တဲ့အပြင်ပန်းကန်တွေ ဆေးကြောတဲ့တာဝန်ပါ ယူလိုက်သေးတယ်။သူက လုံးဝကို သူမရဲ့ ideal typeပဲ!။ကျိလျောင်ပုံရိပ်လေး ပျောက်ကွယ်သွားတော့မှ သူမက အကြည့်တွေကို ရုတ်သိမ်းလိုက်တယ်။ဟယ်ချန်းမင်နဲ့အတူထိုင်နေရင်း နှစ်ယောက်သားက အကြည့်ချင်းတွေ စစ်ခင်းနေလိုက်ကြတယ်။

ကျန်းချီက "အကြောက်အလန့်ကင်းတဲ့အစ်မကြီး" ဆိုတဲ့ဟန်နဲ့ ဆံပင်ကို ခါလိုက်တယ်။

ဟယ်ချန်းမင်က သူမကိုကြည့်ရင်း လှောင်ရယ် ရယ်လိုက်ရင်းက။

"တဆောင်(မရီး)တစ်ယောက်အနေနဲ့ ဒီလိုတွေ လုပ်နေတာ သင့်တော်ရဲ့လား"

သူမဖောက်ပြန်ချင်နေတယ် ဆိုလည်း ဖောက်ပြန်ပေါ့။ ဒါပေမဲ့ သူမရဲ့ တိရှီ(younger brother's wife (ယောင်းမ))အပေါ်ကိုတော့ မျက်စိကျစရာလား။သူက အရမ်းကိုသဝန်တိုတက်တာမို့ ဘယ်သူ့ကိုမှ ကျိလျောင်အနားကပ်ခွင့်မပြုနိုင်ဘူး။

သူက ဟယ်မုရှန်ရဲ့ ဖုန်းနံပါတ်တွေကို နှိပ်လိုက်တယ်။ဟယ်မုရှန်ကလည်း အိမ်ယာဝန်းရဲ့အောက်ထပ်ကိုရောက်ရှိနေပြီဖြစ်တယ်။ သူက ခေါ်ဆိုလာသူရဲ့ IDကိုကြည့်လိုက်ရင်းဖုန်းကိုင်လိုက်တယ်။ သူစကားမပြောရသေးခင်မှာပဲ ကျန်းချီရဲ့အသံက ထွက်ပေါ်လာလေတယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Kde žijí příběhy. Začni objevovat