Zawgyi
What Should I Do if the School Bully is Interested in Me
Ch11 - ထင်တဲ့အတိုင်းပဲ ယောကျာ်းတွေ
အကုန်လုံးက သစ္စာမရှိဘူး
ဟယ်ချန်းမင် ပင်ပန်းနေတဲ့ပုံ ပေါက်ရတာကတော့ သူ့ရဲ့ အချိန်ကြာမြင့်စွာ အိပ်မပျော်နိုင်ခြင်းကြောင့်သာ။ ဒါပေမဲ့ ဒီလို အိပ်မပျော်ရတဲ့အကြောင်းရင်းက ကျိလျောင်ကြောင့်ဆိုတာသူ ထုတ်ပြောလို့ မရဘူးလေ။
ဒါကကြီးမားတဲ့ စိတ်မချမ်းမြေ့စရာ လျို့ဝှက်ချက်ကြီးပဲ။
သူက သူ့ပါးစပ်ကနေ ပြန်ဖြေမိနေမှာစိုးလို့ သူ့နှုတ်ခမ်းကို တင်းတင်းစေ့ပြီးတော့သာ အေးစက်စက် လုပ်နေလိုက်တယ်။
"မင်း စိတ်ဆိုးသွားတာလား"
ကျိလျောင်ကတစ်ဖက်လူရဲ့ စိတ်အခြေအနေက သိသိသာသာ ပြောင်းသွားတာကို ခံစားမိလိုက်တော့ လေသံပျော့လေးနဲ့ မေးလိုက်တယ်။
ဟယ်ချန်းမင်က ဘာမှ မပြောလေဘူး။ ကားရောက်လာတော့ သူက ဦးဆောင် တက်သွားပြီးတော့ ကျိလျောင်ကတော့ လက်ထပ်ထားတဲ့ အမျိုးသမီးငယ်လေးအလား နောက်ကနေ လိုက်လာလေတယ်။ကားရဲ့ နောက်ဆုံးတန်းမှာ ခုံလွတ်နှစ်ခု ရှိနေပြီးတော့ ဟယ်ချန်းမင်က သူအပြင်ဘက်ခြမ်းမှာ မထိုင်ခင် ကျိလျောင်ကို အရင် ဝင်ထိုင်စေတယ်။
ကားက ဆက်လက်မောင်းနှင်နေပြီးတော့ သူတို့နှစ်ယောက်ကလည်း တိတ်ဆိတ်နေမြဲပဲ။ တစ်ယောက်က ဘာပြောရမှန်း မသိပဲ သူ့နှုတ်ခမ်းသူ ကိုက်နေတဲ့ အချိန်မှာ တစ်ခြားတစ်ယောက်ကတော့ ဂရုမစိုက်တဲ့ အမူအယာနဲ့ ရှိလို့နေတယ်။
သူစိတ်ဆိုးနေတာ အသိသာကြီးပဲ။
ကျိလျောင်က သူ့ဟာသူ တွေးနေမိတယ်။ အဲဒီနောက် တိတ်တိတ်လေး စောဒက တက်နေပြန်တယ်။ ဒါပေမဲ့ သူပြောတော့ ငါ့ကို ဘယ်တော့မှ စိတ်မဆိုးပါဘူးဆို! ဟင်း! အဲ့စကားပြောတာ ဘယ်လောက်မှ မကြာသေးဘူး! ထင်တဲ့ အတိုင်းပဲ ယောကျာ်းတွေ အကုန်လုံးက သစ္စာ မရှိဘူး!
စောဒကတွေ တက်နေပေမဲ့လည်း အဲ့ယောကျာ်း ဆိုတာတွေထဲမှာ သူပါ ပါတယ်ဆိုတာ သတိထားမိသွားတော့ ကျိလျောင်က လျာလေးတစ်လစ်ထုတ်မိသွားတယ်။
YOU ARE READING
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Romanceမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။