Ch57 - Looked As if He were Scrutinizing an Animal

7.9K 1.2K 56
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch57 - Looked As if He were Scrutinizing an Animal

ဟယ်ချန်းမင်ရဲ့ မျက်လုံးတို့က တောက်ပသွားကာ သူက ပိုနီးသွားအောင် ခြေနှစ်လှမ်းလောက် တိုးလာတယ်။ သူ့ရဲ့နွေးထွေးလှတဲ့ လက်ဖဝါးတို့ကတော့ သွယ်လျ ဖွေးဆွတ်တဲ့အသားအရေတို့ကို ထိကြည့်နေတော့တယ်။ ခေါင်းကိုငုံ့လိုက်ရင်းမှ သူက ကျိလျောင်ရဲ့နားထဲကို အသာအယာလေမှုတ်လိုက်သေးတယ်။

"ဘေဘီ...မီးငြိမ်းသတ်ဖို့လိုတဲ့ ပြွန်မာမာကြီးကို ထိချင်သေးလား"

အနည်းငယ်မြှင့်တက်သွားတဲ့ အသံtoneက သူ့ရဲ့အသံကို ဆက်ဆီကျတဲ့သံပေါက်သွားစေတယ်။

ကျိလျောင်က မျက်နှာလွှဲလိုက်တယ်။ သူက စိတ်ထဲမှာတွေးနေမိတယ်။

ငါ့ကိုထိခွင့်ပေးတာနဲ့တင်တော်ပါဦး။ ပိုပြီးတော့များ တောင်းဆိုချင်သေးတယ်ပေါ့လေ။

သူက သူ့နှုတ်ခမ်းသူကိုက်ထားရင်း ဘာတစ်ခွန်းမှ မပြောလေတော့ဘူး။

ဟယ်ချန်းမင်က တစ်ဟားဟားရယ်ရင်း ကျိလျောင်ရဲ့ မေးချွန်ချွန်လေးကို ပင့်ကိုင်လိုက်တယ်။ သခင်ကို ကလူကျီစယ်နေတဲ့ ခွေးကြီးကြီးတစ်ကောင်အလား သူက ကျိလျောင်ရဲ့ နူးညံ့လှတဲ့ လည်တိုင်တစ်လျောက် ဖိကပ်နမ်းရှိုက်နေပြီးတော့မှ နောက်ဆုံးမှာနှုတ်ခမ်းကို ခပ်ပြင်းပြင်းစုပ်ယူလိုက်ပြီးတော့ လွှတ်ပေးလိုက်တယ်။

ကျိလျောင်က သူ့ရဲ့နောက်ဆုံးအပြုအမူကို သဘောမကျဖြစ်သွားတာမို့ မျက်မှောင်ကြီး ကြုံ့သွားတယ်။

အပေါ်ထပ်ကိုမတက်ခင်မှာတော့ သူက ခဏလောက်တွေးကြည့်လိုက်ပြီး ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ငါ့အမေကို ဘာမှမပြောနဲ့"

သူ့နဲ့ယှဉ်ရင် ရွှီအိုက်ဝမ်က ပိုပြီး အပြစ်ကင်းလှတယ်။ သာယာချမ်းမြေ့ခဲ့တဲ့ မိသားစုက ပြိုကွဲခဲ့ရပြီးတော့ တစ်ဦးတည်းသောသားလေးကလည်း တစ်ဖက်လူရဲ့ ဖြာယောင်းခေါ်ဆောင်ခြင်းကိုခံလိုက်ရသေးတယ်။ကံကောင်းစွာနဲ့ အခုသူက အရင်ကထပ် ရွှင်လန်းတက်ကြွခဲ့လို့ပေါ့။ မဟုတ်ရင် သူ ဟယ်ချန်းမင်ကို မုန်းမိမှာ။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now