Ch35.1 - Want to Come See Me

9.3K 1.6K 4
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch35.1 - Want to Come See Me

အဲဒီည သူအိမ်ပြန်တော့ ကျိလျောင်က ရွှီအိုက်ဝမ်နဲ့ ကြော့ကြော့မော့မော့ ဝတ်စားထားတဲ့ ထိုလူကြီးတို့ကို ထပ်မံ ထိပ်တိုက်တိုးမိပြန်တယ်။

အရင်ကလိုပါပဲ။ အဲ့ဒီလူကြီးက ရွှီအိုက်ဝမ်ကို အိမ်ပြန်လိုက်ပို့ပေးနေတာဖြစ်တယ်။

ကျိလျောင်က တုံ့ဆိုင်းသွားပြီးမှ အဲ့ဒီနေရာကို လျောက်သွားရင်း အော်ခေါ်လိုက်တယ်။

"အမေ"

ရွှီအိုက်ဝမ်က သူ့ကိုမြင်တော့ သူမက တဒင်္ဂလောက် ပျာယာခတ်သွားပြီးတော့ ကို့ရိုးကားယား ဖြစ်သွားတယ်။ တကယ်တော့ သူမက ကျိလျောင် သဘောမတူရင် နောက်အိမ်ထောင်မပြုပါဘူးလို့ ကတိထား ထားခဲ့တာလေ။ ဒါပေမဲ့ ခုကျတော့ သူမကို လက်ပူးလက်ကြပ် မိသွားပြီ ဖြစ်လေတယ်။

သူမဘေးက အမျိုးသားက အရင် သတိဝင်လာပြီးတော့ ကျိလျောင်ကို ရင်းနှီးနွေးထွေးစွာ ပြုံးပြတယ်။ ပြီးမှ ပြောတယ်။

"သားက ကျိလျောင်မလား။ ဦးက မင်းအမေရဲ့ လုပ်ဖော်ကိုင်ဖက်ပါ။ မျိုးရိုးက မုန့် လို့ခေါ်တယ်"

သူတို့အကြည့်ချင်း ဆုံသွားတော့ ကျိလျောင်က ဒီလူရဲ့ ပုံပန်းသဏ္ဍန်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။ သူက မျှော်မှန်းမထားလောက်အောင် ချောမောပြီးတော့ ယဉ်ကျေး သိမ်မွေ့ပုံပေါက်ကာ တည်ငြိမ်တဲ့ စိတ်နေစိတ်ထားတို့က ထိုသူကိုယုံကြည်အားကိုးရစေသူလို ခံစားရစေတယ်။

သို့သော်လည်း ကျိလျောင်ကသူ့စကားကို ပြန်မတုံ့ပြန်ဘူး။ အဲဒီအစား သူက ရွှီအိုက်ဝမ်ဆီ လှည့်ကြည့်ရင်း ပြောတယ်။

"ကျွန်တော် အရင် အပေါ်တက်နှင့်မယ်"

အဲဒီနောက် ခြေလှမ်းကြဲကြဲနဲ့ ထွက်သွားလိုက်တယ်။

ရွှီအိုက်ဝမ် အမူအယာက အားတုံ့အားနာ ဖြစ်နေပြီးတော့ မုန့်ယွမ်ကို အရင်လိုက်ပို့လိုက်တယ်။ မုန့်ယွင်က သူနားလည်ပါတယ် ဆိုတာကို ဖော်ပြတဲ့အနေနဲ့ သူမကို ပွေ့ဖက်လိုက်ပြီးမှ ကားကို မောင်းထွက်သွားတော့တယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now