Ch46 - Was this a duck? This was royalty!

7.9K 1.4K 25
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch46 - Was this a duck? This was royalty!

လူတိုင်းက ဝါးလုံးကွဲမတက် အော်ရယ်​လိုက်​ ကြတယ်။
 
တစ်စုံတစ်ယောက်က ထကာ ဟယ်ချန်းမင် သီချင်းဆိုသံကိုကြားချင်ပါတယ်ဟု အဆိုတင်သွင်းလေတယ်။လင်းကျန်က မပြောမဆိုနဲ့ မိုက်ကရိုဖုန်းကြီးကို ယူချလာကာ အော်ဟစ်တယ်။

"ကဲ ..ကဲ ..မင်ကော အတွက် "Double Happiness" ဆိုတဲ့ဟာကို ရွေးပေးလိုက်ကြ"

အဲဒါကိုလည်းကြားရော ဟယ်ချန်းမင်က သူ့တင်ပါးကို ကန်ပစ်လိုက်တာ လင်းကျန်ခမျာ ဒယိမ်းဒယိုင် တောင်ဖြစ်သွားရှာတယ်။ ပြီးမှ တစ်စုံတစ်ရာကို သတိရသွားတဲ့အလား သူက ပြောလိုက်တယ်။

"Dark Surge ဆိုတဲ့သီချင်းကိုပြောင်းလိုက်"

ဟယ်ချန်းမင်က အဲဒီသီချင်းကို မကြာခဏ ဆိုတတ်တာကိုသူကြားနေကျပဲ ဖြစ်တယ်။ အဲဒီတော့ ဒီသီချင်းကိုဟယ်ချန်းမင်ကြိုက်ကိုကြိုက်မှာပဲ။

ပဏာမ တီးလုံးက တစ်ဖြည်းဖြည်း ပြင်းထန်လာတယ်။ဟယ်ချန်းမင်က ဆိုဖာကို ကျောမှီရင်း မိုက်ကရိုဖုန်းကို အနီးကပ်ကိုင်ထားလိုက်တယ်။ သူ့ရဲ့နက်ရှိုင်းပြီး ညို့ယူဖမ်းစားနိုင်တဲ့ အသံက ထွက်ပေါ်လာပြီးတော့ တစ်ကြောင်းတည်းနဲ့တင် လူတိုင်းကို အမေးဇင်း ဖြစ်သွားစေတယ်။

"ငါ့ဘဝမှာ~~~ငါ့ဘဝမှာ~~ ထပ်တစ်လဲလဲ ဖြစ်ပျက်နေမယ့်အဖြစ်ဆိုးကြီးကို ~~ကြောက်မိတယ်"

"တစ်စုံတစ်ရာက ပိုလှပလာလေ~~~ငါနဲ့ ပိုပြီး အလှမ်းကွာလာလေပဲ~~"

ကွမ်းတုံနယ်သားတွေရဲ့ စိတ်လှုပ်ရှားစေတဲ့ လေသံကို ဖော်ပြသီဆိုနေရင်း သူ့အကြည့်က ဘေးနားက လူငယ်လေးအပေါ်ကို ကျရောက်လို့လာတယ်။ သူ့လက်ဖဝါးက ကျိလျောင်ပခုံးပေါ်ရောက်လာပြီးတော့ ထိုသူ့ရဲ့ သေးသွယ်တဲ့ ညှပ်ရိုးလေးကို လက်မနဲ့ ထပ်ကာထပ်ကာ ပွတ်သပ်နေတော့တယ်။

ပုံမှန်ဆိုရင် ကျိလျောင်က ရှက်တတ်ကြောက်တတ်တယ်။ ဒါပေမဲ့ အရက်နည်းနည်းလောက် သောက်ပြီးသွားတဲ့အချိန်မှာတော့ သူက အနည်းငယ် ရီဝေလာတယ်။ ဟယ်ချန်းမင်ရဲ့သီဆိုမှုမှာ သူလည်း ညှို့ယူဖမ်းစားခံလိုက်ရတယ်။ သူ့မျက်လုံးတွေက ချစ်ရိပ်တွေနဲ့ပြည့်နေပြီးတော့ ဟယ်ချန်းမင်ကို ရဲရဲတင်းတင်းနဲ့ပေါ်တင်ကြီးကို ငေးကြည့်နေလိုက်တယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Opowieści tętniące życiem. Odkryj je teraz