Zawgyi
What Should I Do if the School Bully is Interested in Me
Ch15 - နောက်တစ်ခါကျရင်လည်း
ကိုယ်က နမ်းဦးမှာပဲ
ဟယ်ချန်းမင်က ခေါင်းမမော့ရဲဖြစ်နေတဲ့ ကျိလျောင်ကို စိုက်ကြည့်လိုက်တယ်။သူ့နှလုံးသားက မီးပြင်းပြင်းနဲ့ လှောင်မြိုက်ခံရထားရတဲ့ သစ်သားခြောက်ကြီးလိုပဲ။ အရမ်းပူလွန်းလို့ သူ့လည်ချောင်းတွေတောင် ခြောက်လာတယ်။ ပြီးတော့ သူ့ရင်ထဲက ဒေါသတွေကလည်း စိတ်လျော့ချပစ်ဖို့ကို တော်တော်ခဲယဉ်းနေတယ်။
ဒီလို လှည့်ကွက် အသေးစားလေးကို သူက မမြင်စရာလား။ ဒါပေမဲ့ သူ စိတ်အတိုဆုံးကတော့ သူက နံပါတ် ခြောက်လို့ သိပြီးတာတောင် ကျိလျောင်က တစ်ခြားတစ်ယောက်နဲ့ ကဒ်ချင်း လဲချင်နေသေးတာကိုပဲ။
ဒါက ကျိလျောင်အတွက် တကယ်ပဲ အရေးမကြီးဘူးတဲ့လား။
ဟယ်ချန်းမင်က သူ လဝက်လောက် ကြိုးစားအားထုတ်နေတာတောင် တိုးတက်မှု မရှိဘူးပဲလို့ ခံစားလိုက်ရတာမလို့ သရော်ပြုံးလေးတောင် ပြုံးမိသွားတယ်။
သူက စားပွဲပေါ်က ဖန်ခွက်အပြည့်နဲ့ အရက်ခွက် ကို ကောက်မလိုက်ပြီးတော့ တစ်ရှိန်ထိုး သောက်ချလိုက်တယ်။
ဘေးပတ်လည်မှာတော့ မုန့်ယောင်ယောင်ရဲ့ သူငယ်ချင်းမလေးတွေက သူတို့နှစ်ယောက်ကို သြဘာတွေ ပေးနေကြပြီ။ တစ်ယောက်က အော်ဟစ် အားပေးနေပြီးတော့ နောက်တစ်ယောက်က ဂျောက်ဂျက်ကို လှုပ်ခါလို့နေတယ်။ ရွှီရှောင်ကျင့်က ဦးဆောင်ပြီးတော့ လက်ခုပ်တီးရင်း အော်ဟစ်လိုက်တယ်။
"မင်းသမီးလေးလို ချီ! မင်းသမီးလေးလိုချီ!"
ဟယ်ချန်းမင်က ဆိုဖာကနေ မတ်တပ်ရပ်လိုက်ရင်း သူ့အရှုံးကို လက်ခံလိုက်ရတော့တယ်။သူ ရှုံးသွားတာမလို့ သူ့အပြစ်ဒဏ်ကို လက်ခံရတော့မှာပဲ။ သူမတ်တပ်ရပ်လိုက်တဲ့ အချိန်မှာ အခုလေးတင် ခေါင်းမော့လာတဲ့ ကျိလျောင့်ကို ကြည့်မိသွားပြီးတော့ အကြည့်ချင်းက ဆုံသွားလေတော့တယ်။ ဟယ်ချန်းမင်က မဲ့ပြုံးပြုံးလိုက်ရင်း မုန့်ယောင်ယောင် ဆီ လျောက်သွားလိုက်တယ်။
YOU ARE READING
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Romanceမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။