Ch51 - I Don't Believe He Will Beat Up Girls

8.3K 1.3K 41
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch51 - I Don’t Believe He Will Beat Up Girls

နောက်တစ်နေ့မှာတော့ ကျိလျောင်ဟာ ရပ်ကွက်ထဲက ထွက်လာပြီးတဲ့နောက်မှာ ကားမှတ်တိုင်ဆိုင်းဘုတ်ကို မှီရပ်နေတဲ့ အရပ်ရှည်ရှည်သွယ်သွယ် လူငယ်လေးကို မြင်လိုက်ရတယ်။

လူငယ်လေးရဲ့ရှည်လျားတဲ့ခြေထောက်တို့က ဖြောင့်တန်းလို့နေတယ်။ သူက အနက်ရောင်ဂျင်းနဲ့ သံချေးနီရောင် ဂျက်ကတ်အင်္ကျီကို ဝတ်ဆင်ထားတယ်။ လက်နှစ်ဖက်လုံးကို အိတ်ထဲမှာထည့်ထားပြီးတော့ သူ့ရဲ့ခန့်ညားချောမောတဲ့ မျက်နှာပေါ်မှာတော့ ဂရုမစိုက်တတတ်တဲ့ဟန်နဲ့ အေးစက်စက်အမူအယာကို ဖော်ပြထားနေတယ်။

ကျိလျောင်ရဲ့မျက်ဝန်းတို့က တောက်ပသွားပြီးတော့ အဲဒီနေရာကို ခပ်သွက်သွက်သွားလိုက်တယ်။ ဒီနေ့မှ ထိုလူငယ်လေးက အရပ်ရှည်ရှည်၊ ခန့်ခန့်ညားညားနဲ့ စတိုင်တွေမိမိုက်နေတယ်လို့ တွေးမိနေတယ်။

ဟယ်ချန်းမင်က သူအနားရောက်လာတာကိုမြင်တော့ သူ့ရဲ့အမူအယာကင်းမဲ့နေတဲ့ မျက်နှာကြီးက ရုတ်တရပ်ကိုပဲ အပြုံးတွေ ပေါ်ထွန်းလာပြီးတော့ ကျိလျောင်ကို ပွေ့ဖက်ဖို့ လက်ကိုအလိုအလျောက်ပဲ ဆန့်ထုတ်လိုက်လေရဲ့။

သူ့ဘေးနားကလူက သူ့ကို ခိုးကြည့်နေဆဲဆိုတာ သတိထားမိသွားတော့ သူက ခေါင်းကိုငုံ့လို့မေးလိုက်တယ်။

"ဘာတွေကို ကြည့်နေတာလဲ"

ကျိလျောင်က ရိုးသားစွာပဲ ဖြေလိုက်လေရဲ့။

"မင်းရဲ့ချောမောခန့်ညားနေမှုကြီးကိုလေ"

ဟယ်ချန်းမင်က မျက်ခုံးပင့်သွားတယ်။သူက ကျိလျောင်ရဲ့ ချစ်စဖွယ်ပုံလေးကို ထင်မှတ်မထားမိပေမယ့် သူ့ရဲ့ သဘောတကျအကြည့်တွေကိုတော့ အေးအေးဆေးဆေးပဲ လက်ခံပေးလိုက်တယ်။

ကားရောက်လာတော့ နှစ်ယောက်သားက ဘက်စ်ကားပေါ်အတူတက်လိုက်ကြတယ်။ ကျိလျောင်က မနေ့ညက အိပ်ရေးဝဝ မအိပ်ခဲ့ရတာမို့ ပြတင်းပေါက်ကိုမှီပြီး အိပ်ဖို့ပြင်ဆင်လိုက်ပြီးမှ ကျောင်းကိုရောက်ရင် သူ့ကိုနှိုးဖို့ ဟယ်ချန်းမင်ကို ကြိုမှာထားလိုက်တယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now