Ch85 - This Was Their Latest Code

7K 1.2K 87
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch85 - This Was Their Latest Code


နောက်ဆုံးစာမေးပွဲကြီး ပြီးသွားတဲ့အခါမှတော့ ကျောင်းသူကျောင်းသားများဟာ ထောင်ကလွတ်လာတဲ့အကျဉ်းသားများအလား သူတို့ရဲ့ ကျောပိုးအိတ်တွေကိုဆွဲပြီး အပြင်ကိုပြေးထွက်လာကြပါတယ်။ သူတို့ဟာ အားလပ်ရက်အတွင်း ဘယ်သွားမယ် ဒါမှမဟုတ် ဘာကျူရှင် ယူကြမယ်ဆိုတာတွေကို အုပ်စုဖွဲ့လို့ဆွေးနွေးနေကြတယ်။

ကျိလျောင်က ယွီကျင်းကိုမမြင်ရတာ အတော်ကြာခဲ့ပြီ။သူဟာအရင်လို တက်ကြွပြီး စကားတွေများဆဲဖြစ်ပြီး လက်ရှိချိန်မှာတော့ လီယုံရှင်းရယ် တစ်ခြားလူတွေအနည်းငယ်ရယ်နဲ့ စကားစမြည်ပြောနေလေတယ်။

သူ့ကျောပိုးအိတ်တွေ သိမ်းဆည်းထုပ်ပိုးနေတာကိုမြင်တော့ ယွီကျင်းက ပြေးချလာပြီး စကားဆိုတယ်။

"အပြင်မှာ တစ်ခုခုသွားစားကြမလား။ ငါ မင်းကို မတွေ့ရတာ ကြာလှပြီ ဘဒိုရ"

သူတို့နှစ်ယောက် နောက်ဆုံးတွေ့ကြတဲ့အချိန်ကတော့ သူ ကျိလျောင်ကိုဖွင့်ပြောဖို့ လာခဲ့ပေမယ့် သူမပြောရခင်မှာပဲ ရှုံးနိမ့်သွားခဲ့ရတဲ့ နှစ်သစ်ကူးမှာပဲ ဖြစ်တယ်။

ယွီကျင်းက ခါးသီးမှုတစ်ချို့နဲ့အတူ စိတ်သက်သာရာရစွာ ပြုံးမိတယ်။ ကျိလျောင်မှာ ကောင်းမွန်တဲ့ နှစ်ဝက်ရှိခဲ့မယ်ထင်ပါရဲ့။ သူ့ကိုကြည့်ရတာ အရင်လိုပိန်ညောင်မနေပဲ ကိုယ်လုံးကိုယ်ပေါက်က အဆင်ပြေလာတယ်။

"သွားမယ်လေ"

ကျိလျောင်က အဆင်သင့်ဖြစ်စွာပဲ သဘောတူလိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူဟာ သူ့ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်အဖြစ် နှစ်ပေါင်းများစွာရှိခဲ့တာလေ။ သူဘဲရသွားပြီးနောက်မှာ သူ့သူငယ်ချင်းကို ခြောက်လလုံးလုံး မဆက်သွယ်ပဲ လျစ်လျူရှုထားမိခဲ့တယ်။

တွေးကြည့်တော့ သူတကယ်ပဲ သူငယ်ချင်းထပ် ဘဲကိုဦးစားပေးရွေးချယ်ခဲ့မိတာပဲ။

ကျိလျောင်နဲ့ယွီကျင်းဟာ တစ်ယောက်ပခုံးအပေါ်တစ်ယောက်လက်တင်ရင်း လမ်းလျောက်လာလိုက်ကြတာ အရင်က သူတို့ singleဖြစ်ခဲ့တဲ့အချိန်ကို ပြန်ရောက်သွားသလိုပါပဲ။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now