Ch38.2 - Have a Relationship Too

9.2K 1.5K 45
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch38.2 - Have a Relationship Too

အဲဒီနောက်မှတော့ သူဟာ ကုမင်းရန်ရဲ့ မှုန်တေတေ မျက်နှာကိုမြင်လိုက်ရတော့တယ်။ သူ့ရဲ့နှာရိုးပေါ်က မျက်မှန်က နေ့လည်ခင်းနေရောင်ခြည်ရဲ့ အလင်းပြန်မှုကြောင့် လက်ခနဲတောင်ဖြစ်သွားတယ်။

လင်းကျန်က ကြောက်လန့်တကြားနဲ့ ပန်းတွေကို ဘေးကိုလွှင့်ပစ်လိုက်တယ်။သူက ခုခံကာကွယ်တဲ့အနေအထားကို ပြင်လိုက်ပြီးတော့ ကုမင်းရန်ကို စာသင်ခုံနဲ့ ပိတ်ဆို့ထားဖို့ လုပ်ပြီးတော့ အချိန်မရွေး ထွက်ပြေးနိုင်အောင် ကြံစည်နေတော့တယ်။

တစ်ဖက်ကောင်လေးက မျက်နှာသေကြီးနဲ့ အနားကပ်လာတာကိုကြည့်ရင်း သူက တံတွေးမြိုချကာ ဆင်ခြေပေးဖို့ကြိုးစားတယ်။

"ကုမင်းရန်..ဥက္ကဋ္ဌကု...ကျွန်တော်ဒီတစ်ခါ ဘာကျောင်းစည်းကမ်းမှ မချိုးဖောက်ဘူးနော်"

ကျောင်းက ကျောင်းသားတွေ ချိန်းမတွေ့ရဘူးလို့ စည်းကမ်းချမှတ်ထားတာမှမဟုတ်တာ။ ပြီးတော့ သူတောင်ခုထိ ဘာမှ မလုပ်ရသေးဘူးလေ!။

ကုမင်းရန်က လှောင်ရယ်ရယ်တယ်။

"ငါက မင်းစည်းကမ်းဖောက်တယ်လို့ပြောရင် ဖောက်တာပဲ"

လင်းကျန်က ဒေါသတကြီးပြောတယ်။

"သေလေ မင်းက အာဏာကို အလွဲသုံးစားလုပ်နေတာပဲကွ! မင်းငါ့ကို မျက်စိစပါးမွှေးစူး နေတာမလို့ ငါ့ကိုခက်ခဲအောင်လုပ်ချင်နေတာမလား!"

ပြောပြီးတာနဲ့ သူက ထွက်ပြေးကျော်လွားစရာ ထောင့်တစ်ထောင့်ကို အမြန်ပဲ ရှာတွေ့သွားတယ်။ ဒါပေမဲ့လည်း သူပြေးတောင်မပြေးရသေးဘူး။ သူ့ရဲ့ကော်လံစကို အဆွဲခံလိုက်ရတယ်။

လင်းကျန်က ခွင့်လွတ်ပေးဖို့တောင်းပန်နေဆဲမှာပဲ ကုမင်းရန်က သူ့ကို အပြင်ဘက်ကို ဆွဲခေါ်သွားတော့တယ်။

"ကုရှောက်(သခင်လေးကု)...ကုရှောက် ..ကျွန်တော်မှားသွားပါတယ်လို့"

သူရဲကောင်းတစ်ယောက်ဟာ နောက်ဆုတ်ရမှာကို မကြောက်ရွံ့သင့်ဘူး။ ကြီးမြတ်တဲ့ယောကျာ်းတစ်ယောက်က ဘယ်အချိန်မှာ အလျော့ပေးရမယ် မပေးရဘူးဆိုတာ သိတယ်။ လင်းကျန်က ထိုပညာရှိစကားတွေကို ထုတ်ပြောပြီးတဲ့နောက်မှာ သူက အရှက်မရှိ ဆင်ခြေပေးတော့တယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now