Zawgyi
What Should I Do if the School Bully is Interested in Me
Ch45 - Say Something Ji Liao. Don’t Scare Me
နှစ်ယောက်သား ပျောက်ကွယ်သွားရာကနေ ပြန်ပေါ်လာကြပြီမို့ အာ့ကုမှာ တစ်ချက်ကြည့်ရုံနဲ့တင် သူတို့ဘာတွေလုပ်ခဲ့တာလဲဆိုတာ ပြောလို့တောင်ရပေတယ်။သူ့နှုတ်ခမ်းတို့က မရှင်းမလင်း အဓိပ္ပါယ်တို့နဲ့အတူ ကော့တက်သွားလေရဲ့။
မကြာခင်မှာ နှစ်သစ်ကူးတော့မှာပဲ ဖြစ်တယ်။ ဒီနေ့ဟာဆိုရင်ဖြင့် ဒီနှစ်အတွက် အလုပ်လုပ်တဲ့နောက်ဆုံးနေ့လေးပါပဲ။ ကျိလျောင်က သူစုထားသမျှ ပြန်တွက်ကြည့်ပြီးသွားတဲ့အခါ ဟယ်ချန်းမင်အတွက် နှစ်သစ်လက်ဆောင် ဝယ်ပေးဖို့ ဆုံးဖြတ်လိုက်တော့တယ်။
နေ့လည်နေ့ခင်း အားလပ်ချိန်မှာ သူက လက်ဆောင်ပစ္စည်းတွေ ရွေးချယ်ကြည့်ရှု့ဖို့ အပြင်ထွက်လာခဲ့တယ်။
ဟယ်ချန်းမင်ကတော့ ကျောက်မိန်လန်ဆီက ဖုန်းကောလ်ကြောင့် အဝတ်လဲခန်းမှာ အင်္ကျီလဲနေရင်း ပြန်ဖို့ ပြင်ဆင်နေလေရဲ့။
ထိုအချိန် အခန်းတံခါးပွင့်လာပြီးတော့ အာ့ကုက ဝင်လာလေတယ်။
သူ့ရှေ့က ချောမောပြီးတော့ ထိန်းမနိုင်သိမ်းမရ သောင်းကျန်းလောက်မယ့် လူငယ်လေးကိုမြင်တော့ သူ့မျက်လုံးတွေက ပင့်မသွားပြီးတော့ အနီရင့်ရောင် စိတ်ဆန္ဒတို့ ပေါ်ပေါက်လာလေတယ်။
သူသာ တစ်စုံတစ်ယောက်အပေါ် မျက်စိကျရင် အဲ့ဒီလူကို သူမရဘူးဆိုတာ လုံးဝမရှိဘူး။
ဟယ်ချန်းမင်အနားကို လျောက်သွားရင်းနဲ့ အာ့ကုက ညုတုတုပြုံးရင်း ပြောင်ပြောင်တင်းတင်းပဲ အစ်အောက်မေးလိုက်တယ်။
"လူချောလေး...တစ်ကိုက်လောက် ကိုက်ချင်လား"
သူ့အသံက ပျက်ချော်ချော်နဲ့ ရမ္မက်သွေးတို့ကြွလို့နေတယ်။
ရင်းနှီးသလို အသံအနေအထားကြောင့် ဟယ် ချန်းမင်က ရုတ်တရပ်ဆိုသလို မနေ့ညက သူ့ဆီရောက်လာတဲ့ စာအကြောင်း တွေးမိပြီးတော့ အရာအားလုံး ရှင်းလင်းသွားတယ်။
![](https://img.wattpad.com/cover/225322412-288-k650691.jpg)
ESTÁS LEYENDO
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Romanceမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။