Unicode
What Should I Do if the School Bully is Interested in Me
Ch113 - Side Story 23 – Let’s Reconcile (Gu Ming Ren x Lin Jiang)
တစ်ချို့လူတွေဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြစဉ်မှာ တစ်ချို့ခမျာတော့ တစ်ညလုံး အိပ်ပျော်ဖို့ရာအတွက် ခက်ခဲနေကြလေရဲ့။
လင်းကျန် ဟောင့်မုန်ထံ ခုနှစ်ကြိမ်မြောက်အနေနဲ့ ကြည့်လိုက်ပြန်တယ်။ ဒါပေမဲ့လည်း အစ်ကိုကြီးကတော့ အိမ်မက်တွေ မက်နေတုန်း။ နိုးကိုမလာဘူး။
လင်းကျန် တစ်ပါတ်လှိမ့်လိုက်ရင်း သူ့ဖုန်းကို ထိဖွင့်လိုက်တယ်။ သူ ရင်းနှီးနေတဲ့ ဖုန်းနံပါတ်ကိုစိုက်ကြည့်နေမိရင်း အတော်ကြာအောင် ချီတုံချတုံဖြစ်နေပြီးကာမှ အံကြိတ်ကာ ချထားလိုက်တော့တယ်။
နောက်တစ်နေ့မနက်စောစောမှာတော့ ဟောင့်မုန်ဟာ ပူပူနွေးနွေး ဖက်ထုပ်ပေါင်းကိုကိုက်ထားရင်း လင်းကျန် အိပ်စင်ကို ပြင်းပြင်းထန်ထန် လှုပ်ယမ်းတော့တယ်။
လှုပ်ယမ်းနေမှုကြောင့် လင်းကျန် ခေါင်းတွေမူးလာတယ်။သူ ဒေါသထွက်တော့မယ်ဟန်ပြင်ချိန် တစ်ဖက်လူက သူ့ထံ ပူပူနွေးနွေးဖက်ထုပ်ပေါင်းတစ်အိတ်ကို ပေးလာတယ်။ အဲ့ဒီဖက်ထုပ်ပေါင်းတွေက ချမ်းအေးလှတဲ့ဆောင်းရာသီမှာ အထူးသဖြင့်ကို အနံ့တွေက မွှေးကြိုင်သင်းပျံ့နေတယ်။
လင်းကျန်က အိတ်ပေါ်က "ထောင်ယွမ် စားသောက်ဆိုင်"ဆိုတဲ့စာလုံးကိုကြည့်ရင်း သူ့နှလုံးသားက နေမထိထိုင်မထိဖြစ်လာကာ ချက်ချင်းပဲမေးလိုက်တော့တယ်။
"ဘယ်သူဝယ်ပေးတာလဲ"
ဟောင့်မုန်က လက်ထဲက နောက်ဆုံးလက်ကျန်ဖက်ထုပ်ပေါင်းကို နှစ်ခါလောက်ဝါးကာ မြိုချလိုက်ပြီးမှ ဆိုတယ်။"မင်းဆဲမဲကြီးပေါ့"
သူ့ခန့်မှန်းချက်ကိုအတည်ပြုပြီးသွားတော့ လင်းကျန်မျက်လွှာချလိုက်ရင်း ရှုပ်ထွေးတဲ့ခံစားချက်တစ်ချို့ကို ခံစားလိုက်ရတယ်။
"သူ ဘယ်မှာလဲ"
လင်းကျန် ခပ်တိုးတိုးမေးလိုက်တယ်။
![](https://img.wattpad.com/cover/225322412-288-k650691.jpg)
YOU ARE READING
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Romanceမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။