Side Story 21 (Gu❤️Lin)

5.2K 1K 46
                                    

Unicode

What Should I Do if the School Bully is Interested in Me

Ch111 - Side Story 21 – “Acknowledge the Elders” (Gu Ming Ren x Lin Jiang)

လင်းကျန်နဲ့ ကုမင်းရန်ခမျာ မောင်းထုတ်ခံလိုက်ရတယ်။

လတ်တလောမှာ ရာသီဥတုက အေးနေတာဖြစ်တယ်။ စားသောက်ဆိုင်ထဲက အနွေးဓာတ်နဲ့ယှဉ်ရင် အပြင်ဘက်က အေးစိမ့်နေတယ်။တုန်ယင်နေရင်း လင်းကျန်ဟာ သူ့ခေါင်းတစ်ခုလုံး ဆွယ်တာအင်္ကျီထဲ ကျုံ့ဝင်သွားနိုင်ဖို့ ဆုတောင်းနေမိတယ်။

"အသိတရားကို မရှိကြဘူး။ တကယ်လို့ငါ့ ထန်တိနဲ့ အခန်းဖော်သာနောက်ဆို တွဲကြမယ်ဆို ဘယ်လိုလုပ်ပါ့မလဲ"

လင်းကျန်က သူ့ညီဟာ မျက်နှာနှစ်ဖက်နဲ့အကြံသမားဆိုတာ သိနေတော့ ဟောင့်မုန့်အတွက် အနည်းငယ်စိတ်ဆင်းရဲနေမိတယ်။

ကလေးဘဝက သူတို့နှစ်ယောက် ပထမဆုံးတွေ့ကြတော့ လင်းချယ်က သူ့အသက်ကိုလိမ်ပြီး လင်းကျန်ဘက်ကနေ ပြုံးပြုံးရွှင်ရွှင်နဲ့ သူ့ကို တစ်နှစ်ကျော်လောက်ထိ ထန်ကော လို့ခေါ်အောင်လုပ်စေခဲ့တယ်။လူကြီးတွေ သိကုန်တော့မှ တစ်ယောက်နဲ့တစ်ယောက် ဆွေမျိုးစပ်တာ မှန်ကုန်တာဖြစ်တယ်။ အဲ့ဒီတုန်းက လင်းကျန်ဟာ စိတ်ဆိုးလွန်းလို့  လက်သီးလက်မောင်းတန်းပြီး တစ်ဖက်လူနဲ့ ထိုးကြိတ်ခဲ့သေးတယ်။ ဒါပေမဲ့လည်း အဆုံးသတ်ကျ ရန်ပွဲမှာ သူရှုံးသွားခဲ့တယ်။အဲ့ဒါက တကယ်ပဲစိတ်မချမ်းမမြေ့စရာကောင်းပြီး စိတ်ညစ်ရစေတယ်။

"ဘာလို့လဲ။ သူတို့က မင်းကို အနိုင်ကျင့်ကြလို့လား"

ကုမင်းရန်က သူ့အနားကို တိုးကာလျောက်လာရင်း လင်းကျန်ရဲ့ ပွင့်ဟနေတဲ့ ကုတ်အင်္ကျီကို ကူညီပြီး ဇစ်ဆွဲပေးလိုက်တယ်။

လင်းကျန် မငြင်းနိုင်ခင်မှာပဲ တစ်ဖက်လူက ကျွမ်းဝင်စွာနဲ့ ဇစ်တပ်ပေးပြီးသွားခဲ့ပြီ။

ကုမင်းရန်က သူ့ကိုပြုံးပြတယ်။သူ့စကားလုံးနဲ့ အပြုအမူတွေက ထိန်းချုပ်မှုရှိနေပြီးတော့ အရမ်းကြီးလွန်ကဲနေတာမျိုးမရှိဘူး။ ဒါက လင်းကျန်ကို နည်းနည်းတော့ စိတ်တိုရစေတယ်။ တစ်ဖက်လူဆီကနေ အမှားတစ်ခုတစ်လေမှ သူထောက်ပြလို့ မရနိုင်တော့ဘူးလေ။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now