Unicode
What Should I Do if the School Bully is Interested in Me
Ch121 - Side Story 31 – The Secret to a Harmonious Marriage (Gu Ming Ren x Lin Jiang)
ကုမင်းရန် A မြို့ကိုပြန်ရောက်လာတဲ့အခါ လီယန်ဟာ နားရွက်တက်ချိတ်မတက်ပြုံးရွှင်နေပြီး သူမပွေ့ဖက်ထားကနေလည်း လွှတ်မပေးတော့ဘူး။သူမ ကုမင်းရန်ကို ဘယ်လောက်လွမ်းနေလဲဆိုတာ ဘုရားပဲ သိလိမ့်မယ်။အခုတော့ အဆင်ပြေသွားပြီလေ။သူမဘေဘီလေးက ပညာသင်ကြားရာကနေ အောင်အောင်မြင်မြင် ပြန်လာခဲ့ပြီပဲ။
ကုမင်းရန်ကအိမ်မှာ နှစ်ရက်လောက်နေပြီးတဲ့နောက် အလုပ်ဝင်ဖို့ရာအတွက် ကု Groupကို သွားခဲ့တယ်။အနောက်တိုင်းဝတ်စုံဝတ်ကာ လည်သာရှုးစီးထားတဲ့ထိုအမျိုးသားဟာ ထက်မြက်တဲ့မျက်နှာသွင်ပြင်နဲ့အတူ အေးစက်စက်အမူအရာကိုပါ ပိုင်ဆိုင်ထားတယ်။သူလမ်းလျှောက်တိုင်းမှာရှည်လျားတဲ့ခြေတံတွေက လေညင်းကိုပါသယ်ဆောင်နေသလိုပဲ။
ကု Groupမှာရှိတဲ့မိန်းမပျိုတွေဟာ သူနဲ့ပတ်သက်ပြီး အရမ်းကိုအရူးအမူးဖြစ်ကြလွန်းလို့ သူတို့မျက်လုံးထဲမှာပါ အသည်းပုံတွေပေါ်လာတယ်။ဒါပေမဲ့လည်း သူ့လက်သူကြွယ်က လက်စွပ်ကိုသတိပြုမိသွားကြတဲ့နောက်မှာတော့ သူတို့ရဲ့ ဂဏာမငြိမ်ဖြစ်နေကြတဲ့ နှလုံးသားတွေက ညိုးငယ်ကုန်ကာ ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်တော့တယ်။
လင်းကျန်ကတော့ A မြို့ကို လဝက်ကျော်ကျော်လောက်မှ ပြန်လာခဲ့တယ်။ သူက အရင်ဆုံး ဦးလေးလင်းအိမ်ကိုသွားလေတယ်။
အန်ကယ်လင်းက ကုမင်းရန်ကို အရင်ကတွေ့ဖူးပြီးသားဖြစ်ပြီး သူတို့နှစ်ယောက်ကြားက အခြေအနေကိုလည်း အနည်းငယ် သိလေတယ်။ သူက လင်းကျန်ကိုတိုးတိုးကျိတ်ကျိတ် ပြောလိုက်တယ်။
"မင်းရဲ့ ချစ်သူဆိုတဲ့ ကောင်လေးလေ...မင်း သူ့ကို မျက်စိဒေါက်ထောက်ကြည့်နေသင့်တယ်နော်။လုပ်ငန်းရှင်အတော်များများရဲ့အမွေခံသမီးတွေက သူ့ကိုမျက်စိကျနေကြပြီးတော့ ကုGroupနဲ့ ပူးပေါင်းဖို့အလျင်လိုနေကြတယ်လို့ ငါကြားထားတယ်!"
ကုမင်းရန် အိမ်ကိုပြန်လာတာက သိပ်မကြာသေးဘူး။ သူ့မှာက ကြီးပွားချမ်းသာတဲ့မိသားစုစီးပွားရေးအပြင် ရုပ်ရည်ကပါချောမောပြီး ဂုဏ်သတင်းကြီးတဲ့ကျောင်းကပါ ဘွဲ့ရထားတာဖြစ်ပေတယ်။စီးပွားရေးရာညှိနှိုင်းချက်ပဲဖြစ်စေ ဂုဏ်ပြုညစာစားပွဲပဲဖြစ်စေ သူက လွယ်လင့်တကူကိုင်တွယ်နိုင်ပြီး ပြီးပြည့်စုံအောင်လုပ်နိုင်လေတယ်။အဲ့ဒါအပြင် နယ်ပယ်မျိုးစုံကလုပ်ငန်းရှင် သူဋ္ဌေးတွေရဲ့မျက်နှာသာပေးခြင်းကိုလည်းခံရပြီးတော့ သားမက်တစ်ယောက်ဖြစ်ဖို့ အသင့်တော်ဆုံးသူ ဖြစ်လာတော့တယ်။
YOU ARE READING
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Romanceမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။