Zawgyi
What Should I Do if the School Bully is Interested in Me
Ch-3ဘေဘီနေ့လည်စာ အတူစားချင်လား
မနက်ပိုင်း သချာင်္ချိန် နှစ်ချိန် အတောတွင်းမှာ ကျိလျောင်က သင်ခန်းစာရဲ့ ပိစိညောင့်တောက်လေးတောင် ခေါင်းထဲမဝင်ခဲ့ဘူး။
ပထမအချက်က သူက သချာင်္ကို စိတ်မဝင်စားလို့။ ဒုတိယအချက်က ဟယ်ချန်းမင်က သူ့ကို WECHAT ကနေ စာပို့နေလို့ :
{ဘေဘီ နေ့ခင်းကျရင် နေ့လည်စာအတူစားချင်လား}
ကျိလျောင်က "ဘေဘီ" ဆိုတဲ့စကားကြီးကြောင့် ရှော့ခ် ရသွားပြီးတော့ မျက်နှာတောင်ဖွေးဆုတ်သွားတယ်။ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေကတော့ လုံးဝကို ရှုပ်ထွေးလို့ နေတယ်။
ယောကျာ်းလေးတစ်ယောက်က ဘေဘီ လို့ခေါ်တာကို သူက ဘယ်လိုခံစားရမှာတဲ့လဲ။
ကျိလျောင်ကတော့ ဒီကမ္ဘာကြီးတစ်ခုလုံးဟာ ထင်ယောင်ထင်မှား တွေများလားလို့တောင် ခံစားနေရပြီ။
နားချိန်ရောက်တော့ ကျိလျောင်က အများနည်းတူ အားကစားခန်းမကို သွားတယ်။သူ့ရဲ့သူငယ်ချင်းကောင်းဖြစ်တဲ့ ယီကျင်းက နောက်ကနေ ပြေးလာပြီး သူ့ပခုံးကို ဖက်ကာ မေးတယ်။
"မင်း ဒီနေ့ သိပ်မကြည်သလိုပဲ။ အာရုံတွေ လွင့်နေတယ်မလား။ ဘာဖြစ်တာလဲ"
ပြောပြီးတော့ သူက အထာနပ်တဲ့ပုံစံနဲ့ ကျိလျောင်ကို ကြည့်လိုက်တယ်။
"မနေ့ညက မင်းညီလေးကို အကြိမ်ကြိမ် ထု နေတာမလို့ နွမ်းဖတ်နေတာလို့တော့ မပြောနဲ့နော်"
ကျိလျောင်က ယွီကျင်းနဲ့ငယ်ငယ်ကတည်းက ပေါင်းလာတာမလို့ သူ့ရဲ့ "အညှီအဟောက် စကား" တွေကို ခံနိုင်ရည် ရှိနေပြီ။ သူက ယွီကျင်းကို တစ်ချက်ပဲကြည့်လိုက်ပြီးတော့ အရေးစိုက်မနေတော့ဘူး။
"ဟေး မင်းက ဟာသဥာဏ်လည်း မရှိဘူးကွာ"
ယွီကျင်းက စိတ်မပါတော့တာမို့ နှုတ်ခမ်းကိုတွန့်ရင်း ကျိလျောင်ပုခုံးပေါ်က သူ့လက်ကို ရုတ်လိုက်တယ်။
BẠN ĐANG ĐỌC
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Lãng mạnမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။