Zawgyi
What Should I Do if the School Bully is Interested in Me
Ch81 - You Had Better Reconsider
နောက်တစ်နေ့မှာတော့ ဟယ်ချန်းမင်က လက်မောင်းကြိုးသိုင်းလျက်သားနဲ့ပဲ ကျောင်းကို လာလေတယ်။ ထင်ထားတဲ့အတိုင်းပဲ သူက မရေမတွက်နိုင်လောက်တဲ့အကြည့်တွေကို ဆွဲဆောင်မိသွားတယ်။
သူက ထိုလူတွေကို အကြည့်တွေ ဝေ့ကြည့်ပေးလိုက်တော့ အတင်းအဖျင်းတွေပြောချင်နေတဲ့ခေါင်းတွေက ဟမ်းစတားတွေလို ကျုံ့ဝင်သွားကြလေတယ်။
လင်းကျန်တစ်ယောက်သာပဲ ရောက်လာပြီးတော့ မခံမရပ်နိုင်စွာနဲ့မေးတော့တယ်။
"မင်ကော..လက်က ဘာဖြစ်တာလဲ!! ဘယ်ကောင် လုပ်တာလဲ!! ကျွန်တော် အဲ့စောက်ကောင်ကို သွားလုပ်ပစ်မယ်!"
သူက တကယ်ကြီး စိတ်ဆိုးနေမိတာ။ သူက ဟယ်ချန်းမင်ကို တကယ့်အစ်ကိုအရင်းလိုပဲ အမြဲသဘောထားခဲ့တာ။ အခု တစ်ယောက်ယောက်က သူ့အစ်ကို လက်ကို ကျိုးပဲ့အောင်လုပ်ခဲ့တယ်ဆိုတော့ သူ့ဒေါသတွေက ထိန်းမရတော့ဘူး။
ဟယ်ချန်းမင်က သူ့ရဲ့နောက်စိကို ရိုက်ပစ်လိုက်ရင်း ဆူပူလိုက်တယ်။
"အသံကို တိုးစမ်းကွ..ငါ နားထိုင်းမဟုတ်ဘူး"
လင်းကျန်က နှုတ်ခမ်းစူသွားတယ်။
"ဒါဆို ဘာတွေဖြစ်ခဲ့တာလဲ"
"ငါမနေ့က ကောင်းရှန့်နဲ့ တွေ့ခဲ့တာ..."
ဟယ်ချန်းမင်က ဖြစ်စဉ်ကို ယေဘုယျပြောပြလိုက်တယ်။ စကားဆုံးတော့ လင်းကျန်က အဲ့ဒီခွေးမသားက သူနဲ့ထိုက်တဲ့ အပြစ်ဒဏ်ကိုခံရတာပဲလို့ တွေးပစ်လိုက်တယ်။
သူသိသွားတာနဲ့ တစ်ကျောင်းလုံးက သိသွားကြတော့တာပဲ။ ဘာပဲဖြစ်ဖြစ် ဟယ်ချန်းမင်ရဲ့ ညီတစ်ယောက်အနေနဲ့ လင်းကျန်က သူ့အစ်ကိုကြီးကို "အရိုက်ခံရတာတဲ့လား"ဆိုတဲ့ မမျှမတ သတင်းကြီးကို ဘယ်လိုလုပ် ပြန့်ခွင့်ပြုရမှာတဲ့တုန်း။
သူက ချက်ချင်းပဲ ဒီကိစ္စနဲ့ပတ်သက်တဲ့သတင်းကို ဖြန့်ပစ်လိုက်တယ်။သူက ခြောက်ယောက်တစ်ယောက် ရင်ဆိုင်ခဲ့ရတဲ့ အသေးစိတ်အချက်အလက်တွေကိုပါ လွန်လွန်ကျူးကျူး ချဲ့ကားပြောလိုက်သေးတယ်။
ESTÁS LEYENDO
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Romanceမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။