Ch12 - အတွဲတစ်တွဲကို စောင့်ဖမ်းဖို့ ကျောင်းဂိတ်ဝမှာထိုင်စောင့်ခြင်း

13.1K 2K 69
                                    

Zawgyi

What Should I Do if the School Bully is Interested in Me


ဒီနေ့ လင်းကျန်က ထူးထူးခြားခြား ပဲ ကျောင်းကို အစောကြီး ရောက်လာတယ်။ ဒါပေမဲ့လည်း သူက ကျောင်းထဲကို တန်းမသွားဘူး။ အဲ့ဒီအစား သူက အတွဲတစ်တွဲကို စောင့်ဖမ်းဖို့ ကျောင်းဂိတ်ပေါက်မှာ ထိုင်စောင့်နေဖို့ လုပ်နေတယ်လေ။

မနေ့ညက သူလုံးဝကြီးကို နားလည်သွားပြီလေ။ဟယ်ချန်းမင် နောက်ကို ဒီလောက်နှစ်အများကြီး ကြာအောင် လိုက်ခဲ့တာတောင် ဟယ်ချန်းမင်က ကောင်မလေးတွေနဲ့ ပရောပရည် လုပ်တာ သူဘယ်တုန်းကမှ မမြင်ခဲ့ဖူးဘူး။ ယောကျာ်းလေးတွေနဲ့လည်း အဲလိုမလုပ်ဘူး ဆိုပေမဲ့ ဒီ အခြေအမြစ်မရှိတဲ့ ဇာတ်လမ်းလေးအတွက်တော့ အကြောင်းပြချက် ရှိရမယ်လေ။ ဒီတော့ ဟယ်ချန်းမင် ချိန်းတွေ့နေတယ်ဆိုတဲ့လူက သေချာပေါက်ကို ခုတလောလေးမှ ပေါ်လာတဲ့ ကျိလျောင် ဖြစ်ရမယ်လို့ သူ သံသယဝင်နေမိတယ်။

ကျိလျောင် ပေါ်လာကတည်းက ဟယ်ချန်းမင်က အတော်ကြီး ပြောင်းလဲသွားခဲ့တာ။ စာသင်ချိန်တွေမှာဆို သူက Wechatကိုပဲ အမြဲစစ်နေတာ။တကယ်တော့ ဟိုတုန်းကဆို သူက အတန်းချိန်ပြီးတဲ့ထိ အမြဲ မှောက်အိပ်နေတာလေ။အခု သူက အဲလိုတွေ မလုပ်တော့ ဆရာမကတောင် ဟယ်ချန်းမင်ကို နမူနာထားပြီး လင်းကျန်တို့ကို အာရုံစိုက်ထားဖို့ ခဏခဏ ကို သတိပေးနေတယ်။

"ဟယ်ချန်းမင်ကိုကြည့်စမ်း!  Roll 1လည်းဖြစ်တယ်။ အတန်းချိန်မှာလည်း မအိပ်ဘူး။ နင်တို့တွေက အိပ်ဖို့ သတ္တိတွေ ရှိနေကြတယ်လား"

လင်းကျန် : "...."

သူမ တကယ်ပဲ ဒီအခြေအနေကနေ အမြတ်ရအောင်လုပ်ရမယ်ဆိုတာ သိနေတာပဲ။ အရင်တုန်းက ဟယ်ချန်းမင် အိပ်နေတုန်းကတော့

" Roll1တောင် အိပ်နေတာ။ နင်တို့က ဘာလို့စာသင်နေတာလဲ"  ဆိုတဲ့ ဥပမာပေးပုံမျိုးလေးတော့ မကြားဖူးပေါင်။ တိုတိုပြောရရင်တော့ သူမ လင်းကျန်ကို ဆူတယ်ဆိုတာ သူက သင်ခန်းစာတွေကို ကောင်းကောင်းမလုပ်လို့ အိပ်ဖို့ မထိုက်တန်ဘူးလို့ ဆိုလိုတာပဲ။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now