Ch36.1 - Today, the Weather Was Sweet

9.5K 1.6K 61
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch36.1 - Today, the Weather Was Sweet

အချိန်က တစ်ဖြည်းဖြည်းနဲ့ မှောင်လာပြီ ဖြစ်တယ်။ နာရီကိုကြည့်ပြီးသွားတော့ ကျိလျောင်က သူပြန်သင့်ပြီ လို့ဆုံးဖြတ်လိုက်တယ်။ ဟယ်ချန်းမင်က သူပြန်ဖို့ပြင်နေတာကို မြင်တော့ သနားစဖွယ်လေး ငေးကြည့်နေလေရဲ့။

အရမ်းကို အအေးမိနေတဲ့လူတစ်ယောက်အဖို့ အပူပေးစက်ကို ဖွင့်ထားပေမဲ့လည်း သူ့နှလုံးသားက အေးစက်နေမြဲ ဖြစ်သလိုပါပဲ။

ဒီကောင်လေးအနေနဲ့ သူ့အိမ်ကိုရောက်လာဖို့ဆိုတာ အလွန်ခဲယဉ်းတာကြောင့် သူတကယ်ပဲ ပြန်မလွှတ်ချင်သေးဘူး။

သူက အဲ့လိုတွေ တွေးမိနေပေမဲ့လည်း မတ်တပ် ထရပ်လို့ စကားဆိုတယ်။

"ဒါဆို ကိုယ် မင်းကို လိုက်ပို့ပေးမယ်"

သူ့အနေနဲ့ ကျိလျောင်ကို ဖိအားမပေးချင်ပါဘူးလေ။

ကျိလျောင်က humm လို့ရေရွတ်ရင်းနဲ့ တံခါးဝနားဆီလျောက်သွားရင်း ဖိနပ်လဲစီးလိုက်တယ်။

အဲ့ဒီအချိန်မှာပဲ ရွှီအိုက်ဝမ်က ဖုန်းခေါ်လာတယ်။ သူက အပြစ်မကင်းစွာနဲ့ ဖုန်းကိုင်လိုက်ပေမဲ့ သူမဆီက ကြားလိုက်ရတဲ့သတင်းကတော့ သူမတို့ကုမ္ပဏီက ပရောဂျက်တစ်ခုရဲ့ deadline နားကပ်နေလို့ အလျင်လိုနေတာမလို့ ဒီတစ်ညလုံး အလုပ်လုပ်ရမယ် ဆိုတဲ့အကြောင်း ဖြစ်လေတယ်။ သူမက သူ့ကို အိမ်အပြန်စောင့်မနေဖို့ရယ် အိပ်ယာစောစောဝင်ဖို့ရယ် သတိပေးလိုက်တယ်။

တံခါးလက်ကိုင်ဖုပေါ်က သူ့လက်က တုံ့ဆိုင်းသွားပြီးမှ ကျိလျောင်က "ဟုတ်ကဲ့" လို့တုံ့ပြန်လိုက်ရင်း ဖုန်းချလိုက်တယ်။သူ့နှလုံးသားက ကဆုန်ပေါက်နေပြီးတော့ ဟယ်ချန်းမင်ဘက် လှည့်လိုက်ရင်း ပြောလိုက်တယ်။

"ငါမပြန်တော့ဘူး"

မထင်မှတ်ထားဖွယ် ကိစ္စရပ်ပါပဲ။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Tempat cerita menjadi hidup. Temukan sekarang