Side Story 29 (Gu❤️Lin)

4.4K 691 14
                                    

Unicode

What Should I Do if the School Bully is Interested in Me

Ch119 - Side Story 29 - This Night was Doomed to be a Sleepless One. (Gu Ming Ren x Lin Jiang)

ကုမင်းရန်ဟာ ကိုလံဘီယာတက္ကသိုလ်မှာသူ့ရဲ့သင်ရိုးဘွဲ့မှတ်တမ်းရဖို့ သုံးနှစ်ကြာမြင့်ခဲ့တယ်။

တကယ်တမ်းက နှစ်နှစ်နဲ့တင် လုံလောက်ပေတယ်။သို့သော်လည်း သူက Wall Streetကိုသွားပြီး စူးစမ်းလေ့လာခဲ့သေးတယ်။အဲ့ဒီနေရာက နေ့နဲ့ညနဲ့ ကွဲလွဲပုံမပေါက်ပေမယ့် ဘာကြောင့်မှန်းမသိလှစွာပဲ လန်းဆန်းတက်ကြွနေစေတယ်။

ကုမင်းရန်က နိုင်ငံခြားမှာ ရှိနေတုန်းမှာ လင်းကျန်ထံ နေ့စဉ်နေ့တိုင်းနီးပါးဖုန်းခေါ်တယ်။ သူဘယ်လောက်ပဲအလုပ်ရှုပ်နေပါစေ တစ်ဖက်ကောင်လေးရဲ့အသံကို ကြားကိုကြားလိုက်ရမှ။ လင်းကျန်ဆီကနေ ကောလို့တက်တက်ကြွကြွခေါ်သံလေးကြားပြီးမှ သူဟာ တစ်နေကုန်စိတ်လက်ကြည်လင်လေတယ်။

"ငါ အစာငတ်ခံလည်းမနေဘူး။ အပြင်ထွက်ပြီး ကောင်လေးတွေကိုလည်းမပိုးဘူး။ ကောင်မလေးတွေဆို ဝေးလာဝေး! ငါမင်းကို နေ့တိုင်းလွမ်းနေတာပါဆို ကောကလဲ...အဲ့ဒါကြောင့် မင်းဘယ်တော့ပြန်လာတော့မှာလဲလို့"

လင်းကျန်ကဖုန်းကိုကိုင်ထားရင်း ရယ်ဒီမိတ်ခေါက်ဆွဲပြုတ်တွေကိုစားလို့ ကုမင်းရန်နဲ့ဖုန်းပြောနေတာ ဖြစ်လေတယ်။

ခေါက်ဆွဲပြုတ်တွေစားတာက သူ့မှာ ဟင်းဝယ်စားဖို့ ပိုက်ဆံပြတ်လပ်နေတာကြောင့်မဟုတ်လေဘူး။သို့သော်လည်း ရယ်ဒီမိတ်ခေါက်ဆွဲပြုတ်တွေက ရိုးရှင်းပြီးလုပ်စားရတာ လွယ်လှတယ်လေ။ ပြီးတော့ သူကလည်း တစ်ခြားဟာတွေ ပြင်ဆင်ချက်ပြုတ်ဖို့ကျ အတော်ကြီးပျင်းရိလှတယ်။

"နောက်လဝက်လောက်ပေါ့ ၁၇ရက်လောက်"

လင်းကျန်က ပြက္ခဒိန်ပေါ်မှာ မင်နီနဲ့စက်ဝိုင်း ဝိုင်းထားလိုက်တယ်။

သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်မတွေ့ရတာ အတော်ကြီးကြာလှပြီ။ကုမင်းရန်က တရုတ်နှစ်ကူးတုန်းတစ်ချိန်လေးပဲ ပြန်လာနိုင်ပြီးတော့ ရက်အနည်းငယ်လောက်ပဲနေပြီး ပြန်သွားခဲ့ရတယ်။ သုံးနှစ်လုံးလုံး သူ့မှာ နိုင်ငံနယ်နမိတ်တွေခြားနေတဲ့ အွန်လိုင်းချစ်သူဘဝလို ဖြစ်နေခဲ့ရတယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now