Ch88 - Extra 1 - Indulging in Pleasure Without a Thought for Anything Else

8K 1.1K 53
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch88 - Extra 1 – Indulging in Pleasure Without a Thought for Anything Else

ကျန်းချီဟာ ကိုယ်ဝန်ရှိပြီးကတည်းက အတော်ကြီးစိတ်ဓာတ်ကျလာခဲ့တယ်။

ဟယ်မိသားစုက သူမကိုအနီးကပ်စောင့်ကြည့်နေကြပြီးတော့ ဘာတစ်ခုကိုမှ ထိကိုင်ခွင့်မပြုလေဘူး။ သူမ အရမ်းလမ်းလျှောက်မိသွားပြန်ရင်လည်း အနားယူရပြန်တယ်။ နေ့တိုင်းနေ့တိုင်း စားတာသောက်တာအပြင် သူမက အိပ်စက်တာတစ်ခုပဲလုပ်နိုင်တော့တယ်။ကျန်းချီက နေ့ရက်တိုင်းဟာ ပျင်းစရာကောင်းတယ်လို့ ခံစားနေရပြီးတော့ အတော်ကြီး မပျော်မရွှင်ဖြစ်လာခဲ့တယ်။

ဟယ်မုရှန် အလုပ်ကနေပြန်ရောက်လာတဲ့အချိန်မှာ သူဟာ သူ့ဇနီးဖြစ်သူရဲ့ စိတ်အခြေအနေကိုမြင်လိုက်ရတော့ စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် အပြင်ထွက်ပြီးညစာ စားကြဖို့ ဆုံးဖြတ်လိုက်တယ်။

သူတို့နှစ်ယောက်သား စားသောက်ဆိုင်ထဲ ဝင်ကြရုံပဲရှိသေးတယ်။ ဟယ်ချန်းမင်နဲ့ ကျိလျောင်တို့နှစ်ယောက် candlelightညစာ စားနေကြတာကို တွေ့မြင်သွားကြတယ်။

ကျိလျောင်က ရှန်ပိန်ကို တစ်ငုံသောက်လိုက်ပြီးတော့ သူနဲ့မျက်နှာချင်းဆိုင်ဘက်ကလူကို မေးလိုက်တယ်။

"ဒီထဲမှာ ပါတဲ့ အယ်လ်ကိုဟော ပမာဏက ပြင်းလား"

ဟယ်ချန်းမင်က ခုံကိုကျောမှီလိုက်ရင်း ခပ်ဖွဖွပြုံးလို့ ဆိုတယ်။

"အဆင်ပြေတယ်..အယ်လ်ကိုဟောက 12%လောက်ပဲ ပါတာ"

သူတို့ရဲ့ စီနီယာအထက်တန်းနှစ်ကို ချဉ်းနင်းဝင်ရောက်ပြီးချိန်မှာတော့ ရွှီအိုက်ဝမ်ရဲ့ခွင့်ပြုချက်နဲ့အတူ သူဟာ ကျိလျောင်ရဲ့ အိမ်စာတွေ စာပြန်နွေးတာတွေကို ပိတ်ရက်တိုင်းမှာကူညီပေးတယ်။တစ်ခါတစ်လေ စာလုပ်တာနောက်ကျသွားရင် ကျိလျောင်က သူ့အိမ်မှာပဲ အိပ်တယ်။ ရွှီအိုက်ဝမ်ကတော့ မျက်ကွယ်သာပြုထားပေးလိုက်တယ်။ သူတို့အပြုအမူတွေ လွန်မလာသရွေ့တော့ သူမက ကလေးနှစ်ယောက်လုပ်ချင်တာကိုခွင့်ပြုပေးထားလိုက်တာပါပဲ။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Où les histoires vivent. Découvrez maintenant