Ch17 - ဘေဘီ မင်းလက်ဖဝါးတွေအရမ်း ချွေးထွက်နေတယ်

12.4K 2K 43
                                    

Zawgyi

What Should I Do if the School Bully is Interested in Me



ချွေးထွက်နေတယ်

မုန့်ယောင်ယောင်က တစ်ခဏလောက်ကြာအောင် ကြက်သေ သေသွားပြီးမှ သူကြိုက်တယ်လို့ပြောလိုက်တဲ့သူက ကျိလျောင် ဆိုတာကို သတိထားမိသွားတယ်။

ပထမတော့ သူမကအတော်ရှော့ခ် ရသွားတယ်။ ဟယ်ချန်းမင်ကို ဂေး နေမယ်လို့ မတွေးထားမိဘူးလေ။တကယ်တော့ ဒါက သူမရဲ့ ပထမဆုံး ဖွင့်ဟ ဝန်ခံတာဖြစ်ပြီး အငြင်းခံလိုက်ရတော့ ရှုံးနိမ့်သွားသလို ခံစားလိုက်ရတယ်။ နောက်ဆုံးတော့လည်း သူမက စိတ်သက်သာရာ ရသွားတယ်။ ဒါက သူမ မလှလို့ အသုံးမကျလို့ အငြင်းခံရတာမှ မဟုတ်တာ။ သူကကို ယောကျာ်းလေးတွေပဲ ကြိုက်နေလို့ အငြင်းခံရတာ။

မုန့်ယောင်ယောင် က အသက်ပြင်းပြင်း ရှုသွင်းရင်း သက်တောင့်သက်သာ ပြုံးပြရင်းက ပြောလိုက်တယ်။

"ကောင်းပြီလေ။ ဒါဆိုလည်း နင်တို့နှစ်ယောက် အဆင်ပြေပါစေ လို့ ငါဆုတောင်းပေးပါတယ်"

ဟယ်ချန်းမင်ရဲ့ဟန်ပန်က မဖော်ရွေတတ်တဲ့ပုံပေါက်နေပေမဲ့လည်း သူက သူမကိုတော့ အေးတိအေးစက်နဲ့ ဟွန့်ခနဲ အသံပြုရင်း သူမဆုတောင်းစကားကို အသိမှတ်ပြုပေးလိုက်တယ်။ခုနကတုန်းက ကျိလျောင်က မုန့်ယောင်ယောင်ကို ကြည့်တဲ့အကြည့်တွေကို ယောကျာ်းလေးတစ်ယောက်အနေနဲ့ သဘောပေါက်တာမလို့ စိတ်ထဲမှာ တုန်လှုပ်နေမိတယ်။

သူ့ဘေးက ကျိလျောင်ကတော့ သစ်သားတုံးကြီးအလား မတ်တပ်ရပ်နေတယ်။ ဟယ်ချန်းမင်ရဲ့ လက်ဖဝါးကလည်း သူ့မျက်လုံးတွေကို ကာထားဆဲပဲ။သူ့စိတ်က ခုထိ ဘာလုပ်လို့ဘာကိုင်ရမယ်မှန်း မသိပေမဲ့ သူ့နှလုံးခုန်သံကတော့ နားထဲမှာ တစ်ဒုန်းဒုန်းနဲ့ ကြားနေရတယ်။

"ငါအရင်သွားနှင့်မယ်"

ကောင်မလေးက သူမရဲ့နူးညံ့သိမ်မွေ့မှုတွေကို ထိန်းထားရင်းနဲ့ နေရာကနေ လှည့်ပြန်သွားတယ်။ ကျိလျောင်က ဟယ်ချန်းမင်ရဲ့ လက်တွေကို ဆွဲဖယ်ပြီး ခြေလှမ်းအနည်းငယ်လောက်ရောက်သွားပြီဖြစ်တဲ့ မုန့်ယောင်ယောင်ကို လှမ်းကြည့်တယ်။သူမက ပြန်လှည့်ကြည့်ရင်း မျက်စိတစ်ဖက်မှိတ်ပြရင်းက လှမ်းပြောတယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now