Ch10 - နှလုံးသားလေးက ရှုပ်ထွေးမှု အပြည့်နဲ့ ပျော့ပျောင်းသွားပြန်တယ်

12.9K 2.1K 9
                                    

Zawgyi

What Should I Do if the School Bully is Interested in Me


"ဒါဆိုလည်း ငါ့ကို ရိုးရိုးmessageတွေပဲ ပို့လေ။ မင်းကအမြဲတမ်း အဲလိုတွေချည်း ပို့နေတော့...."

ကျိလျောင်က မပီမသလေး ညည်းရင်းက ခုံကို မှီထားရာက ထရပ်လိုက်တယ်။သူက စားပွဲပေါ်က စာစီစာကုံး ခေါင်းစဉ်တွေကို မျက်စိဝေ့ကြည့်ပြီးမှ စာမကြည့်ချင်သေးတာကြောင့် စာအုပ်တွေကို ပိတ်ပစ်လိုက်တယ်။

"ဒါပေမဲ့ ကိုယ်ပြောသမျှက အမှန်တွေပါဆို"

ဟယ်ချန်းမင်က အရှက်မရှိ ပြောပြန်တယ်။ကျိလျောင်နဲ့ ပတ်သက်လို့ ဟယ်ချန်းမင် အမြဲတမ်း ကြောက်နေမိတာက  ကျိလျောင်က သူ့ရဲ့အလေးအနက်ထားတဲ့ ခံစားချက်တွေကို သတိမထားမိပဲနဲ့ သူ့ကို အလိုလို ရှောင်နေမှာကိုပဲ။ အဲဒါကြောင့် သူ့ရဲ့အပြောအဆို အပြုအမူတွေကအမြဲ ပွင့်ပွင့်လင်းလင်းပဲ။သူအဲလို လုပ်တာကတော့ သူက ကျိလျောင်ကို တကယ်ကြိုက်တယ် ဆိုတာကို ကျိလျောင် သိစေချင်လို့ပါပဲ။

"မင်း...."

ကျိလျောင်က အရမ်းစိတ်ရှုပ်ထွေးသွားတာမလို့ ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး။သူက စူပုတ်ပုတ် ဖြစ်လာပြီးတော့ တီးတိုးလေး ညည်းလိုက်တယ်။

"မေ့လိုက်ပါတော့...ထားလိုက်ပါတော့"

ဟယ်ချန်းမင်ကသူ့ရဲ့ မပျော်မရွင်သံလေးကို ကြားလိုက်တယ်။ သူက ကျိလျောင်က သူ့ကို မကြိုက်သေးလို့သာ သူ့ messageတွေအကုန်လုံးကို လျစ်လျူရှုထားတာပဲလို့ တွေးလိုက်တယ်။သူ့မျက်လုံးတွေက မှောင်မဲလာပြီးတော့ အချိန်အကြာကြီး တိတ်ဆိတ်သွားပြီးမှ နှာမှုတ်သံ တိုးတိုး ထွက်လာတယ်။

ကျိလျောင် က နည်းနည်းလောက် မခံမရက်နိုင်ဖြစ်သွားတယ်။ အဲဒီ နှာမှုတ်သံက ဘာသဘောတုန်း!

အဲဒီအချိန် တံခါးခေါက်သံ နှစ်ချက် ထွက်ပေါ်လာတယ်။ ကျိလျောင်က လှည့်ကြည့်လိုက်တော့ သူ့အမေက သူ့အတွက် နို့ဖန်ခွက် ယူလာတာကို မြင်လိုက်ရတယ်။ သူက ထိတ်ထိတ်ပြာပြာဖြစ်ပြီး ဟယ်ချန်းမင် ဖုန်းကို အမြန်ပဲ ချပစ်လိုက်တယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now