Ch24 - မင်း ကျောင်းယူနီဖောင်းက ဖရိုဖရဲနဲ့

10.8K 1.8K 14
                                    

Zawgyi

What Should I Do if the School Bully is Interested in Me


နောက်တစ်နေ့မှာ mid-term စာမေးပွဲရဲ့ အဆင့်တွေကို ဖော်ပြလေ့ရှိတဲ့ ကျောင်းရဲ့ ကြော်ငြာဘုတ်မှာ အနီရောင် စာရင်းတွေ ပေါ်လာခဲ့တယ်။ စာရင်းတစ်ခုစီက အနုပညာမေဂျာနဲ့ သိပ္ပံမေဂျာရဲ့ ထိပ်တန်း အယောက်တစ်ရာကို ဖော်ပြထားတယ်။

သိပ္ပံမေဂျာမှာ ဟယ်ချန်းမင်က အဆင့်တစ်ရတယ်ဆိုတာ အံ့သြစရာတော့ မဟုတ်ဘူး။ ဒါပေမဲ့ လူတိုင်း ရှော့ခ်ရသွားကြတာက ဒီတစ်ခါ သူ့ရဲ့ အမှတ်ပေါင်းက ဒုတိယနေရာက လူနဲ့ အမှတ် ၃၀ ကွာနေတာကိုပဲ။

ပြီးတော့လည်း ဒုတိယနေရာကလူက ကျောင်းသမဂ္ဂရဲ့ ဥက္ကဋ္ဌ ကုမင်းရန်လေ။

ကုမင်းရန်က စာရင်းကို မြင်တဲ့အချိန်မှာ ဘာအမူအယာမှ မပြပေမဲ့ သူ့နှလုံးသားထဲမှာတော့ ကျိန်ဆဲပြီးနေပြီ။ဒီသောက်ကောင် ဟယ်ချန်းမင်က တစ်ခြားကမ္ဘာကများလား။ နေ့ခင်းပိုင်းကျ အိပ်နေပြီး ညကျတော့ ကျိလျောင်ကို ကြူနေတာတောင် ဒီလိုအမှတ်မျိုးရအောင် ဖြေနိုင်တယ်ပေါ့။ ချီးပဲဟေ့။ ကုမင်းရန်က တစ်ယောက်တည်း တွေးနေမိတယ်။

သူ့ကို ပိုလို့တောင် ဒေါသထွက်စေတာကတော့ စိတ်သဘောကောင်းကောင်းရှိရမယ်ဆိုတဲ့ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌနေရာက ကုမင်းရန်နဲ့ လုံးဝကို မသက်ဆိုင်နေတာကိုပဲ။

ဟား!ပြောရရင်တော့ ဒီအခြေနေမှာ သူဘာမှ မဖြစ်ဘူးဆိုတာ ဟန်ဆောင်နေတာ သပ်သပ်ပဲ။

သူထွက်ခွာဖို့ပြင်လိုက်ချိန်မှာပဲ ဟယ်ချန်းမင်က ဒီနေရာကို လမ်းလျောက်လာတာ မြင်လိုက်တယ်။ အနောက်ကလည်း လင်းကျန်က လိုက်လာလို့ပေါ့။

ကုမင်းရန် မျက်လုံးတွေက မှေးစင်းသွားပြီးတော့ စိတ်တိုစလည်း ပြုလာတယ်။

"အိုး ကုရှောင်လည်း အမှတ်စာရင်း လာကြည့်တာလား"

လင်းကျန်က  သူ့ရဲ့ "ညီလေး" ဆိုတဲ့ အနေအထားကို အပြည့်အဝ သိထားတာမလို့ တစ်ဖက်ကောင်လေးကို နှုတ်ဆက်ဖို့ ကသိကအောက်ဖြစ်နေတာကိုလည်း တောင့်ခံထားရတယ်။
 
တစ်နေ့ညက ကုမင်းရန်ပေါင်ပေါ် ထိုင်ခဲ့ရတာကို တွေးမိသွားတော့ သူက ရှက်လာပြီးတော့ မျက်နှာက ကျိုက်ကျိုက်ဆူလောက်အောင်ကို ပူလာတယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now