Ch34.2 - Come on, Your Boyfriend Will Carry You

9.2K 1.6K 16
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch34.2 - Come on, Your Boyfriend Will Carry You

ပြိုင်ပွဲပြီးတော့ နှစ်ယောက်သားက ကျိလျောင်ကို ခေါ်သွားကြတော့တယ်။

သူက ဆိုင်ခန်းလေးမှာ ထိုင်နေတုန်း ဒါက ယွီကျင်း မဟုတ်တဲ့ အတန်းဖော်တွေနဲ့ ပထမဆုံး အသားကင် လာစားဖူးတာပဲလို့ သတိထားမိတယ်။ သူက စိတ်အေးလက်အေးဖြစ်လာပြီးတော့ ပျော်ရွှင်လာတယ်။

ကောင်လေးသုံးယောက်သားက ဘီယာပုလင်းကို ၂ပုလင်း ၃ပုလင်းလောက် ချပေးဖို့ မှာလိုက်တယ်။

အေးစက်စက် ရာသီဥတုကို အံတုဖို့ရာအတွက် ဆိုင်ရှင်က သူတို့ကို ဘီယာအစား Home made သစ်သီးဝိုင်ကို ချပေးတယ်။ အဲဒီဝိုင်က ပြင်းလည်းမပြင်းသလို လွယ်လွယ်နဲ့လည်း မြိုချလို့ရတယ်။

ကျိလျောင်က နည်းနည်းပဲ သောက်လိုက်ပေမဲ့ အရမ်းပူလွန်းတာကို ခံစားလိုက်ရတယ်။ အဲဒါနဲ့ သူ ဝိုင်ကို ထပ်ပြီး မထိရဲတော့ဘူး။

ချန်းလီဝမ်က ကြက်တောင်ပံ တစ်ဖက်ကို ဝါးစားနေရင်းနဲ့ ပြီးခဲ့တဲ့ကစားပွဲမှာ အခန်းခြောက် ကစားတာ ချာတူးလန်နေတာပဲ ဆိုတဲ့အကြောင်း အာပေါင်အာရင်း သန်သန်နဲ့ ပြောနေလေတယ်။ ပြောနေရင်းနဲ့ပဲ စကားလမ်းကြောင်းက အတန်းထဲက ကောင်မလေးတွေ အကြောင်းရောက်သွားပြီးတော့ ရွှီရှောင်ကျင့် ဘယ်လောက်မိုက်လဲ ဆိုတာ ပြောနေတော့တယ်။ ကစားပွဲ မစခင် သူမ အော်လိုက်တဲ့ အားပေးစကားက သူတို့ကို စိတ်အားတက်ကြွသွားစေတယ်လေ။

ရွှီရှောင်ကျင့်နဲ့ လင်ကျားဆွေ့ တို့အချင်းချင်း အမြင်မကြည်တဲ့အကြောင်းကို ရုတ်တရပ်စဉ်းစားမိသွားတော့ ချန်းလီဝမ်က ညည်းညူတယ်။

"ရွှီရှောင်ကျင့်က အတော်လေး တော်ရှာပါတယ်။ ဒါပေမဲ့ ကြမ်းလွန်းတယ်ကွ။ ဘယ်သူက သူနဲ့ တွဲရဲမှာလဲ"

လီယုံရှင်းကတော့ သူ့စကားကို ထပ်ဖြည့်ပြောတယ်။

"ငါကတော့ သူကအတော်လေး ချစ်ဖို့ကောင်းတယ် ထင်တာပဲ"

ချန်းလီဝမ်က ချက်ချင်းပဲ တစ်ခုခုကို အနံ့ခံမိသွားသလိုနဲ့ သူ့ကိုကြည့်ရင်း ကျီစယ်ပြုံးကြီး ပြုံးပြတယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now