Ch19 - အကြောင်းရင်းမရှိပဲ ခွေးစာတစ်ခွက်စားလိုက်ရတယ်

11.5K 1.9K 28
                                    

Zawgyi

What Should I Do if the School Bully is Interested in Me



စားလိုက်ရတယ်


ကျောင်းပိတ်ရက်ကို အိမ်မှာကုန်ဆုံးပြီးသွားတော့ နောက်တစ်နေ့မှာ ကျောင်းတက်ဖို့အချိန် ကျရောက်လာပြန်တယ်။

နိုဝင်ဘာလရဲ့အပူချိန်ကတော့ တစ်ဖြည်းဖြည်းနဲ့နိမ့်ဆင်းလာတယ်။ကျိလျောင်က အဖြူနဲ့အပြာ အစင်းကျားတွေပါတဲ့ ဆွယ်တာကို ဝတ်ပြီးတော့ အိမ်က ထွက်လာခဲ့တယ်။ သူက ကားမှတ်တိုင်ရှိရာလမ်းလျောက်လာတော့ ဟယ်ချန်းမင်လည်း ဆွယ်တာဝတ်ထားတာကို မြင်လိုက်ရတယ်။ ဒါပေမဲ့ သူ့ဆွယ်တာက အနီရောင်ဖြစ်ပြီး ထင်းခနဲ မြင်သာစေတယ်။ သူ့ရဲ့ညှို့ဓာတ်တွေကိုလည်း တိုးလာစေပြီး ပိုလို့တောင် ချောမောတင့်တယ်အောင်လုပ်ပေးနေသလိုပဲ။

သူတို့နှစ်ယောက်က ကျောင်းကို အတူတူပဲ သွားကြတယ်။ ကျိလျောင်က စာသင်ခန်းထဲ ဝင်တဲ့အချိန်မှာပဲ ရွှီရှောင်ကျင့်က သူ့ကို ဖမ်းဆွဲလိုက်တယ်။

ကောင်မလေးက သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်နေပေမဲ့ အော်ဟစ်ချင်စိတ်ကို ဖိနှိပ်ထားရတဲ့ပုံပဲ။သူမက ခြေဆောင့်လိုက်ရင်း အံ့အားတသင့်ပြောတယ်။

"ကျိလျောင်! နင်......တကယ်ပဲ ဟယ်ချန်းမင်နဲ့ တွဲနေတာလား"

နောက်ဆုံးစာကြောင်းကို တိုးတိုးလေးပြောလိုက်ပုံက တစ်ယောက်ယောက် ကြားသွားမှာကို ကြောက်နေသလိုလို။

မုန့်ယောင်ယောင် သူမကို ပြောပြတုန်းက သူမက ရူးသွားမတက်ပဲ။ ဖူဂျိုရှီတွေရဲ့ ဝိဥာည်က လောင်ကျွမ်းနေသလိုပဲ။Animeတွေ အများကြီးကြည့်၊ comicsတွေ အများကြီးဖတ်ပြီး တကယ့်ဘဝက CPအတွဲတွေကို shipပေးပြီးတဲ့နောက်မှာသူမဘေးမှာ တကယ့် ready-madeအတွဲလေးက ရောက်နေပြီလေ။ပြီးတော့လည်း သူတို့နှစ်ယောက်က အရမ်းကို ချောလွန်းနေကြတယ်။ကောင်းကင်ဘုံကနေ မျက်နှာလိုက်ပြီး ကောင်းချီးပေးထားသလိုပဲ။

ကျိလျောင်က ခဏလောက် အေးခဲသွားပြီးမှ မုန့်ယောင်ယောင်က သူမကိုပြောပြလိုက်တာဖြစ်ရမယ်လို့ ခန့်မှန်းမိလိုက်ပြီးတော့ မပျော်မရွှင် ဖြစ်သွားတယ်။သူမပဲ သေချာလျို့ဝှက်ပေးမယ်ဆိုပြီးတော့.....။ ရွှီရှောင်ကျင့်ရဲ့ ချစ်ခင်ကြင်နာ ချင်နေတဲ့ အမူအယာကြီးကို မြင်လိုက်ရတော့ သူက ပဟေဋ္ဌိဖြစ်သွားရတယ်။သူမက ဘာလို့ သူနဲ့ ဟယ်ချန်းမင် တွဲတာကို ဝမ်းသာအယ်လဲ ဖြစ်နေရတာတုန်း။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now