Ch58 - Still Head over Heels in Love

7.6K 1.2K 83
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch58 - Still Head over Heels in Love

သာယာမှု အတွေ့အကြုံတွေကို ခံစားပြီးတဲ့နောက်မှာတော့ ကျောင်းဘူလီကြီးက လုံးဝကို အေးအေးဆေးဆေး ဖြစ်သွားလေပြီ။သူ့နှုတ်ခမ်းတို့က ကွေးညွှတ်ကာ  ကောင်ငယ်လေးရဲ့ ပခုံးကို ပုတ်ရင်း စိတ်ကြီးဝင်နေတဲ့ အသံနဲ့ ဆိုလိုက်လေတယ်။

"မနာလို မဖြစ်ပါနဲ့ကွာ။ အချိန်တွေ ရှိပါသေးတယ်"
 
ကုမင်းရန်က နှုတ်ခမ်းမဲ့ပြတယ်။

"ထွက်သွား"

ဟယ်ချန်းမင်ကတော့ ရယ်မောရင်း သူ့ဇနီးလေးကို လက်မောင်းကြားမှာပွေ့ဖက်ထားလို့ အဝေးကို ခေါ်သွားလေတော့တယ်။

အစောပိုင်းက ရေချိုးခန်းအတွင်းမှာ ပြင်းပြင်းထန်ထန် ပွတ်တိုက်ခံထားရခြင်းကြောင့် ကျိလျောင်ရဲ့မျက်နှာကတော့ နာကျင်မှုတို့နဲ့ပြည့်လို့နေတယ်။သူ့ပေါင်က အရေပြားတစ်ချို့ ပွန်းကုန်တဲ့ပုံပါပဲ။ အဲ့ဒီဒဏ်ရာတွေက ဂျင်းဘောင်းဘီနဲ့ ပွတ်တိုက်နေတာမို့ လမ်းမြန်မြန်လျှောက်ရင် နာကျင်လာရတယ်။

"ဘာဖြစ်လို့လဲ"

ဟယ်ချန်းမင်ကခေါင်းကိုငုံ့ရင်း စိုးရိမ်မှုတွေနဲ့ မေးလိုက်တယ်။

အကြောင်းရင်းကိုပြောပြရမှာ ရှက်တာကြောင့် ကျိလျောင်က အသံသေးသေးလေးနဲ့ ပြန်ပြောတယ်။

"မင်းလမ်းလျှောက်တာ အရမ်းမြန်တယ်။ နှေးနှေးလျှောက်ပေး"

သူက ဒီနေ့မှာ ချည်ဘောင်းဘီပွပွပဲဖြစ်ဖြစ် သက်တောင့်သက်သာရှိမယ့်ဘောင်းဘီပဲဖြစ်ဖြစ် မဝတ်ခဲ့မိလို့ နောင်တရနေမိတယ်။

ဒါပေမဲ့ သူ့ရဲ့ တင်းတင်းဆန့်ထားတဲ့ခြေထောက်တွေနဲ့ အောင့်ခံထားရတဲ့အမူအရာလေးကိုကြည့်ပြီးတော့ ဟယ်ချန်းမင်က သဘောပေါက်သွားပြီး စိုးရိမ်တကြီးမေးလိုက်တယ်။

"ကိုယ်ကြောင့် အရေပြားတွေ ပွန်းကုန်တာလား"

ဒါတွေအားလုံးက သူ့ဝိတ်ကို သေချာထိန်းမထားမိတဲ့ သူ့အမှားတွေချည်းပဲ။ ဒီလိုနူးညံ့လှတဲ့အရေပြားတွေက ခုတော့ သူ့ကြောင့် ပွန်းပဲ့ကုန်ပြီ။ဒါက အလွန်အမင်းကို သာယာမှု ရခဲ့တယ်ဆိုပေမယ့်လည်း တစ်ဖက်ကောင်လေးကိုတော့ နာကျင်အောင်လုပ်ခဲ့မိတယ်လေ။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now